Connect with us

Africa & Middle East

နေတိုးတပ်ဖွဲ့အကြီးအကဲ နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့၏ ခရီးစဉ်အတွင်း ကဘူးလ်လေဆိပ်ကို တာလီဘန်တို့တိုက်ခိုက် ၊ ၄ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်၌ လုံခြုံရေးကင်းလှည့်နေသော တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်နိုင်ငံတကာလေဆိပ်အား တာလီဘန်အကြမ်းဖက်သမားများက စက်တင်ဘာလ ၂၇ ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် တာလီဘန် ၃ ဦး နှင့် အရပ်သား ၁ ဦး သေဆုံးပြီး အခြား လူ ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

တာလီဘန်တိုက်ခိုက်ရေးသမားများသည် မြို့တော်အရှေ့ပိုင်းရှိ နေအိမ်တစ်လုံးကို သိမ်းပိုက်ခဲ့ပြီး ဟာမစ်ကာဇိုင်းနိုင်ငံတကာလေဆိပ်ကို မွန်းတည့်အချိန်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်တပ်ရဟတ်ယာဉ်များက လေဆိပ်အနီးတစ်ဝိုက် နှင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သော နေရာများပေါ်တွင် တစ်နေ့လုံး ပျံဝဲနေခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျိမ်းစ်မက်တစ် နှင့် နေတိုးတပ်ဖွဲ့အထွေထွေအတွင်းရေးမှူး Jens Stoltenberg တို့သည် အာဖဂန်ခေါင်းဆောင်များနှင့်တွေ့ဆုံရန် ကဘူးလ်မြို့သို့ရောက်ရှိနေသည်။

စစ်တပ်ရဟတ်ယာဉ်များက တာလီဘန်တို့ထိန်းချုပ်ထားသော အဆောက်အအုံကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ၊ တိုက်ခိုက်မှုများမှာ ညနေပိုင်းတွင် အဆုံးသတ်ခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်တွင် အကြမ်းဖက်သမား သုံး ဦးသေဆုံးကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန၏ တွစ်တာလူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ ပြောကြားချက်အရ လက်နက်ကြီး နှစ်လုံးသည် ရဲတပ်ရင်း ၉ အတွင်းရှိ လူနေအိမ် နှစ်လုံးကို ထိမှန်ခဲ့ကြောင်း ၊ အရပ်သားတစ်ဦး သေဆုံးပြီး အခြားအရပ်သား ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ကဘူးလ်မြို့နှင့် အခြားမြို့ကြီးများတွင် တာလီဘန်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို စစ်သွေးကြွ ထောက်ခံသူများက လိုအပ်သော အထောက်အပံ့များကို ပံ့ပိုးမှုပေးနေခြင်းဖြစ်သည်ဟု ကဘူးလ်ဒေသခံအချို့က ယုံကြည်နေသည်။၎င်းတို့က အကြမ်းဖက်သမားများအား ငွေကြေးများ နှင့် လိုအပ်သော ထောက်ပံ့မှုများကို ပြုလုပ်နေသူများကို လက်ရဖမ်းဆီးရန် နှင့် ရှာဖွေဖော်ထုတ်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် အစိုးရအား ပြစ်တင်ပြောကြားထားသည်။

ပြီးခဲ့သော စက်တင်ဘာလ ၂၄ ရက်က ကဘူးလ်မြို့အရှေ့ပိုင်းရှိ နေတိုးတပ်ဖွဲ့အစောင့်အရှောက်ယာဉ်တန်းကို တာလီဘန်တို့က ကားဗုံးဖြင့် အသေခံတိုက်ခိုက်ခဲ့ရာတွင် အာဖဂန်အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.