Connect with us

Politics, Law & Military

ထွက်ပြေးသူများအား ပြန်လည်လက်ခံရာတွင် ကျပ်နှစ်ဘီလျံကျော် အနည်းဆုံး ကုန်ကျနိုင်ဟု ဆို

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးသူများအား ပြန်လည် လက်ခံရာတွင် အနည်းဆုံး ငွေကျပ် နှစ်ဘီလျံနှင့် အထက် ကုန်ကျနိုင်သည်ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ ညနေပိုင်းတွင် ပြောကြားသည်။

“ပြန်လည်လက်ခံတဲ့ အခါမှာ သူတို့ရဲ့ စားဝတ်နေရေး ကိစ္စတွေလည်း အကုန်ပါပါတယ်၊ ဟိုတုန်းက လူတစ်ယောက် ပြန်လာရင် ငွေ တစ်သိန်းလောက် ကုန်တယ်၊ ဘာလို့လဲဆိုတော့ များသော အားဖြင့် အဝတ်အစား မပါကြဘူး၊ အဲဒီတော့ အဝတ်လည်း ပေးရမယ်၊ ရောက်တာနဲ့ လက်ခံတဲ့နေရာမှာပဲ ထမင်း သုံးနပ် ကျွေးရမယ်၊ နောက် ပြန်လည် နေရာချထားမယ့်နေရာကို သွားပို့ရဦးမယ်။ ဒါတွေ အတွက် အများကြီး အကုန်အကျခံ ဆောင်ရွက်ရပါမယ်။ အနည်းဆုံးတော့ ရောက်ရောက်ချင်းမှာ ကျပ် နှစ်ဘီလျံအထက်လောက် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်” ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ တတိယ အကြိမ် အစည်းအဝေး အပြီးတွင် မီဒီယာသို့ပြောခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ပြောကြားစဉ် (ဆင်ဟွာ)

ထိုသို့ပြန်လည် လက်ခံရာတွင် ကုန်းလမ်းမှ ပြန်လာသူတို့အတွက် တောင်ပြို လက်ဝဲ မှ စပြီး လက်ခံကာ ရေလမ်းမှ ပြန်လာသူတို့အတွက် ငါးခူရ မှ စိစစ် လက်ခံမည် ဖြစ်ပြီး ပြန်လည် နေရာချထာ းမည့် နေရာမှာ ဓားကြီးစား ကျေးရွာ ဟု လျာထားပါကြောင်း၊ အားလုံးက သဘောတူ ထားသည့် ၁၉၉၃ ဥပဒေပါ အချက်အလက်များဖြင့် စိစစ် လက်ခံမည် ဖြစ်ကြောင်း၊ လတ်တလောမှာ လုံခြုံရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စ များစွာ ရှိသော်လည်း အဖွဲ့ခွဲများ ခွဲပြီး အမြန်ဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ယနေ့ ညနေပိုင်း နေပြည်တော် လူ – ကယ် – ပြန် ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ပူးတွဲ ဥက္ကဋ္ဌ ဖြစ်သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ ၎င်းကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ဦးစားပေး ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။

ထို ဦးစားပေး အစီအစဉ်များတွင် သတင်းထုတ်ပြန်ရာ၌ နိုင်ငံတကာကို ထိုးဖောက်နိုင်ရန် ဝန်ကြီးဌာနတိုင်းက Twitter ကို သေသေချာချာ သုံးပြီး English ဘာသာဖြင့် သတင်း ထုတ်ပြန်ရေး၊ စိုက်ပျိုး မွေးမြူရေး တွင် စပါးများ လာမည့် နှစ်လအတွင်း အပြီး ရိတ်သိမ်းရေး့၊ သိုလှောင်ရေး၊ ပိုင်ရှင်မဲ့ သဖွယ် ဖြစ်နေသည့် ကျွဲနွားးများကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ ရိတ်သိမ်းမည့် လုပ်သားများ ယခင်ကဲ့သို့ မရှိတော့သဖြင့် စိုက် – မွေး – ဆည်ဝန်ကြီးဌာနက စပါးခြွေလှေ့စက်၊ ရိတ်သိမ်းစက်များ အဆင်သင့် ထားရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး စသည့် အချက်များ ပါဝင်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.