နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် ကိုယ်စားများသည် မိမိတို့မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ပြည့်ဝစေရန် တာဝန်ကျေပွန်စွာ ဆက်လက် ကြိုးပမ်းကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ယနေ့ ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး အပြီးတွင် တိုက်တွန်းပြောကြားခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) မူလက တင်ပြ တောင်းခံငွေပေါင်း ကျပ် ဘီလျံ နှစ်သောင်းကျော်ခန့်ရှိသည့် ၂၀၁၇ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ကျပ် ၃၀၃ ဘီလျံခန့်ဖြတ်တောက်ပြီး ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
နေပြည်တော်၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ယနေ့အထိ အစည်းအဝေးကာလ ၄၇ ရက် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကာလတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို...
အက်ခ်ဆိုင်ကာဇက်၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စု ပြည်နယ် (Gangsu Province)၊ အက်ခ်ဆိုင်ကာဇက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေ (Akesai Kazak Autonomous County) ရှိ မြင့်မားသော နှင်းတောင်တန်းကြီးများ၏ ထိပ်ဖျားတစ်နေရာတွင် ရှားပါးပြီး တွေ့မြင်ရခဲယဉ်းလှသော နှင်းတောင်ဆိတ်...
ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအား တင်သွင်းလိုက်ကြောင်း မတ် ၁၆ ရက်တွင် ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မကြာသေးမီက...