Connect with us

Sport

မြန်မာနိုင်ငံနှင့် သဟဇာတဖြစ်ပြီး လက်တွေ့ကျသော အမျိုးသားအားကစား မဟာ ဗျူဟာ စီမံကိန်း ရေးဆွဲ ဆောင်ရွက် သွားမည်

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာနိုင်ငံအား ကစားအဖွဲ့ ချုပ်များနှင့် သုံးသပ် ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ နှင့် သဟဇာတ ဖြစ်ပြီး လက်တွေ့ကျသော အမျိုးသားအားကစား မဟာ ဗျူဟာစီမံကိန်း ( National Strategic Plan for Sports) တစ်ခုကို ရေးဆွဲ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ အလွှာစုံ ကဏ္ဍစုံပါဝင်သည့် အမျိုးသား အားကစား ညီလာခံ ( National Sports Seminar) တစ်ခုကို မကြာမီ ကျင်းပတော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာနိုင်ငံအား ကစားအဖွဲ့ ချုပ်များနှင့် သုံးသပ် ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့အတူ မြို့နယ်အလိုက် ပြည်သူများ အားကစား ဆောင်ရွက်နိုင်မည့် အားကစားကွင်းများ၊ အားကစားရုံများကို ကြေညာပေး သွားမည် ဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့်လည်း နိုင်ငံတကာအားကစား အဖွဲ့ချုပ်များ၊ သံရုံးများနှင့် ထိတွေ့ဆွေးနွေးပြီး အရင်းအမြစ်များ၊ ကွန်ယက်သစ်များ ချိတ်ဆက် ဆောင်ရွက် စေလိုကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မြို့ကြီးများတွင် စုပေါင်း အားကစား လေ့ကျင့်ရေးကွင်း (sporting complex) များ ဖော်ထုတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နှစ်အလိုက် အားကစားပြက္ခဒိန် (Sports Calendar) ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ် များ၏ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းအဖြေရှာ ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း၊ နွေရာသီ အားကစား သင်တန်းများအား လမ်းပြမြေပုံ သေချာရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူငယ် လူရွယ်ကျောင်း သားများ ပိုမိုတိုးတက် ပေါ်ထွက်လာစေရန်အတွက် သရုပ်ပြပွဲများသာမက၊ အဖွဲ့ချုပ်သို့ လေ့လာရေး ခရီးများ လာရောက်၍ ဝေဖန်အကြံပေးနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.