Connect with us

Politics, Law & Military

သိန်းနီမြို့တွင် တရားမဝင်သစ် ၉တန်ကျော် သယ်ဆောင်လာသောယာဉ်တစ်စီး သိမ်းဆည်းရမိ

ဖမ်းဆီးရမိသော တရားမ၀င်သစ်များ သယ်ဆောင်လာသော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အနီးရှိ ရေပူစစ်ဆေးရေးဂိတ်တွင် တရားမဝင်သစ် ၉တန်ကျော် သယ်ဆောင်လာသောယာဉ်တစ်စီးကို စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်ဆေးရေးဂိတ်၏အရှေ့မြောက်ဘက် မန်ပြိန်းကျေးရွာအနီး မသင်္ကာဖွယ်မော်တော်ယာဉ်တစ်စီး ရပ်တန့်ထားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ NISSAN DIESEL(22-W) အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2E …..အား တရားမဝင်တင်ဆောင်ထားသည့် ပိတောက်ဓားရွေတုံး ၃၉၉ လုံး(ခန့်မှန်း ၉ တန်ကျော်ခန့်)တို့နှင့် သိမ်းဆည်းရမိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.