ခတ္တမန္ဒူ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အစိုးရသည် နီပေါလုံခြုံရေးအစောင့်များ တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံသို့ နီပေါအလုပ်သမားစေလွှတ်မှုအား လေးလကြာ ပိတ်ပင်ထားရာမှ ယခုအခါ ပြန်လည်ခွင့်ပြုခဲ့ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်သည် ယနေ့အောက်တိုဘာလ ၁၇ရက် တွင် ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံရုံးသို့သွားရောက်၍ နတ်ရွာစံထိုင်းဘုရင်ဘူမီဘော၏ ပုံတူဓာတ်ပုံကို ဂါရဝပြုခဲ့ကြောင်း သိရသည်။
ချုံကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းပြည်နယ်တွင် Yang Zonggui ဆိုသူသည် တောင်စောင်းပေါ်မှ ကြိုးဖြင့်ချိတ်ကာ အမှိုက်များကို ရှင်းလင်းခဲ့ကြောင်းသိရသည်။ အသက် ၃ဝ အရွယ်ရှိပြီဖြစ်သည့် Yang Zongguiသည် ပင့်ကူလူသားကဲ့သို့ မိမိကိုယ်ကိုယ် ကြိုးဖြင့်ဆွဲကာ အမှိုက်များကို ရှင်းလင်းခဲ့သောကြောင့် အများက...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းအား နိုင်ငံတကာ အဆင့်မီ လမ်းမကြီးအဖြစ် အဆင့် မြှင့်တင်မှုကို ယခုငါးနှစ်တာ ကာလအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်း ပြုလုပ်မည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။