Connect with us

Politics, Law & Military

ARSA အစွန်းရောက်အကြမ်းဖက်သမားများ ပိတ်ဆို့ထားသော ဟိန္ဒူလူမျိုး ၄၉၉ဦးအား ကယ်ထုတ်နိုင်

ARSA အစွန်းရောက် အကြမ်းဖက်သမားများ ပိတ်ဆို့ထားသော လူများအားကယ်တင်လာစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ ရန်ပြုပိတ်ဆို့ထားသော ဟိန္ဒူလူမျိုး ၄၉၉ဦးအား ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ယနေ့ သတင်ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ ပိတ်ဆို့ထားခံရသော မောင်တောမြို့နယ် လသာကျေးရွာမှ ဟိန္ဒူ အိမ်ထောင်စု ၇၀ စု လူဦးရေ ၃၀၀ ဦးခန့်နှင့် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၉၉ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင် များ ကယ်ထုတ်နိုင်ပြီး ဘေးကင်းရာသို့ ယနေ့မွန်းလွဲပိုင်းတွင် ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊ ဟိန္ဒူလူမျိုး ၇ ဦးနှင့် ဒိုင်းနက်လူမျိုး ၅ ဦး စုစုပေါင်း၂၅ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)