ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) နိုင်ငံတကာ မယ်စကြာဝဠာ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်သည့် မယ်စကြာဝဠာ(မြန်မာ) ၂၀၁၇ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ် ၂၆ ဦး အနက် မယ်စကြာဝဠာ(မြန်မာ) သရဖူအား အလှမယ် ဇွန်သံစဉ်က ရရှိခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အသက် ၁၈ နှစ် မပြည့်သူများအား အရက်ရောင်းချခြင်း နှင့် တရားမဝင် အရက်ဆိုင်များကို အလေးအနက်ထား စိစစ် ကြပ်မတ် အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုသည့်နိုင်ငံတော်အလံလွှင့်တင်ပွဲအခမ်းအနားကို ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင် တွင်ကျင်းပခဲ့ရာ ပြည်သူထောင်ပေါင်းများစွာလာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဌာနဆိုင်ရာမှ စီစဉ်သည့် ပွဲလမ်း သဘင်များ အကြောင်း ပြပြီး မသမာသည့် ငွေပေးငွေယူမှု၊ လာဘ်ပေး လာဘ်ယူမှုများ ရှိပါက စုံစမ်း ဖော်ထုတ် အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက...