မနီလာ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နိုဝင်ဘာလ ၁၅ ရက်၌ နှစ်နိုင်ငံဆက်ဆံရေးတွင် “ အကောင်းဘက်မှရှုမြင်သည့်လက္ခဏာအရှိန်အဟုန်” တိုးတက်စေရေး ဦးတည်ပြီး နှစ်ဖက်ခေါင်းဆောင်များက ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ပေါင်း ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကို နိုဝင်ဘာ ၁၃ရက်နေ့တွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဖွဲ့စည်းပေးလိုက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) စဉ့်ကူးမြို့နယ်၌ရွှေခိုးတူးသော အမျိုးသား(၄)ဦးအင်းအတွင်း ပိတ်မိနေရာမှ(၃)ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
မနီလာ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး တို့သည် နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းအချိန်တွင် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ရုံး၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး...
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။