Connect with us

Environment, Disasters & Accidents

တနင်္သာရီ နှင့် ရန်ကုန် တိုင်းဒေသကြီးတို့၌ ကြက်ဌက် တုပ်ကွေး ရောဂါပိုး ကင်းရှင်းသဖြင့် ကန့်သတ်မှုများ ပြန်လည် ရုပ်သိမ်းကြောင်း ထုတ်ပြန်

ကြက်ဌက် တုပ်ကွေး ရောဂါပိုး ကင်းရှင်းသဖြင့် ကန့် သတ်မှုများ ပြန်လည် ရုပ်သိမ်းကြောင်း သတင်း ထုတ်ပြန်ချက်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ် မြို့နယ် နှင့် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တို့၌ ကြက်ဌက် တုပ်ကွေး ရောဂါပိုး ကင်းရှင်းသဖြင့် ကန့်သတ်မှုများ ပြန်လည် ရုပ်သိမ်းကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန မှ သတင်း ထုတ်ပြန်ခဲ့သည်။

မရမ်းကုန်း မြို့နယ်၌ ဇူလိုင် ၂၉ ရက်မှ စ၍ လည်းကောင်း ၊ ထားဝယ် မြို့နယ်၌ သြဂုတ် ၄ ရက်မှ စ၍ လည်းကောင်း သံသယ ဖြစ်ဖွယ် ကြက်သေဆုံးမှု မရှိတော့ပါသဖြင့် သြဂုတ် ၁၈ ရက် နှင့် ၂၄ ရက် တို့တွင် သံသယ ဖြစ်ဖွယ် ကြက်သေဆုံးမှု မရှိတော့သည်မှာ ၂၁ ရက်ထိ အသီးသီး ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် သတ်မှတ်ကာလ ပြည့်သည့်နေ့များမှ စ၍ ရောဂါ ကူးစက် ဧရိယာ အသီးသီးတွင် ကြက် နှင့် ကြက်ထွက် ပစ္စည်းများ ရွှေ့ပြောင်း သယ်ဆောင်မှု ကန့်သတ်ထားခြင်းအား ပြန်လည် ရုပ်သိမ်းကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ် မြို့နယ်ရှိ မွေးမြူရေး ကြက်များ နှင့် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ ဒေသကြက်တို့တွင် ဇူလိုင်လ အတွင်း ကျရောက် ဖြစ်ပွားခဲ့သည့် ကြက်ဌက်တုပ်ကွေး ရောဂါ(H5N1) ကို မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနက သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး အဖွဲ့များ၏ ကြီးကြပ် ကွပ်ကဲမှု ၊ ဆက်စပ် ဌာနများ နှင့် “ကြက်ဌက် တုပ်ကွေး ရောဂါ အရေးပေါ် ထိန်းချုပ်ရေး အတွက် ကြိုတင် ပြင်ဆင်ရေး စီမံချက်”ပါ လုပ်ငန်းစဉ်များ အတိုင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်မှု တို့ဖြင့် စနစ်တကျ ထိန်းချုပ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)