Connect with us

Politics, Law & Military

မှန်ကန်သည့် လမ်းကြောင်းဖြင့် အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အများအပြားကို အင်တိုက်အားတိုက် ဆောင်ရွက်ရန် သမ္မတရှီ ပြော

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က အဖွဲ့အစည်းအများအပြားအား ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် တရုတ်ကွန်မြူနစ်ပါတီ(CPC) အနေဖြင့် မှန်ကန်သည့် လမ်းကြောင်းဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီက အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ စာတမ်းဖတ်ဖွဲ့တွင် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ဦးဆောင်မှုအောက်တွင် အဖွဲ့အစည်းအများအပြား အလုပ်လုပ် ဆောင်သွားရန်မှာ အလွန်အရေးကြီးကြောင်း နှင့် အဖွဲ့အစည်းအများအပြား၏ ပြုပြင်ပြောင်းလဲရေးသည် အစိတ်အပိုင်း အားလုံး၏ ပြုပြင်ပြောင်းလဲရေး ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အမြဲတမ်းကော်မတီဝင်များ ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၂၆ ရက်တွင် အစည်းအဝေးပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အမြဲတမ်းကော်မတီဝင်များ ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၂၆ ရက်တွင် အစည်းအဝေးပြုလုပ်နေစဉ်(ဆင်ဟွာ)

သမ္မတရှီက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်များကို လမ်းညွှန်မှုပေးသွားရန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များအား တိုက်တွန်းပြောကြားခဲ့ပြီး ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ဦးဆောင်မှုအောက်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဖွဲ့အစည်းကြီး၏ ပြုပြင်ပြောင်းလဲရေး အများအပြားပြုလုပ်ခြင်းကို တွန်အားပေးဆောင်ရွက်ရန် ပါတီကော်မတီဝင် အဆင့်အားလုံးတွင် တာဝန်ရှိကြောင်း ၊ အဖွဲ့အစည်းများ နှင့် ၎င်းတို့၏ ဝန်ဆောင်မှုများတွင်ကြုံတွေ့နေရသောအခက်အခဲများကို ကိုင်တွယ်သွားရန် ၊ လတ်တလောကြုံတွေ့နေရသော အခြေအနေကို လေ့လာသင်ယူသွားရန် နှင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို CPC အနေဖြင့် ပဲ့ကိုင်မောင်းနှင်သွားရမည်ဖြစ်ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)