ပေကျင်း၊ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီး၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု လူနာအသစ် အရေအတွက်သည် နှစ်ရက်ဆက်တိုက်ကျဆင်းခဲ့ရာ ဒုတိယမြောက်ရက်တွင်လည်း ဆက်လက်လျော့နည်းသွားခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်၏ ကိန်းဂဏန်းများအရ သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ တိုက်ဖျက်ခြင်းအား ကူညီရန် ဆေးဘက်ဆိုင်ရာ ပစ္စည်း အသုံးအဆောင်များ ထုတ်လုပ်သော ကုမ္မဏီများစွာမှ အလုပ်သမားများသည် ဆေးဘက်ဆိုင်ရာ အကာအကွယ် ပစ္စည်းများအား သတ်မှတ်ကာလထက် စောလျင်စွာ ထုတ်လုပ် ပြီးစီးနိုင်ရန် အလျင်အမြန် လုပ်ဆောင်နေကြကြောင်း...
ဝူဟန့်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ကိုရိုနာ အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ကူညီဆောင်ရွက်ပေးရန် ရောက်ရှိနေသော အဖွဲ့များသည် ဖေဖော်ဝါရီ ၂ ရက် ဒေသစံတော်ချိန် ည ၈ နာရီခန့်အထိဆိုရလျှင် အဖွဲ့ပေါင်း ၆၈ ဖွဲ့၊ အဖွဲ့ဝင်ပေါင်း ၈,၃၁၀ ကျော် ထိ ရှိသွားပြီဖြစ်ကြောင်း...
ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်သက်သာလာသဖြင့် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းအထိ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သော လူနာအရေအတွက်မှာ စုစုပေါင်း ၄၇၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၃ ရက်တွင်ထုတ်ပြန်ကြေညာလိုက်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်၏ခွင့်ပြုချက်ဖြင့် အဖွဲ့ဝင် ၁,၄၀၀ ဦး ပါဝင်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ဆေးကုသရေးစုပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၃ရက်မှစ၍ ဝူဟန့် ဟောဆန်ဆန်းဆေးရုံကြီး၌ ကိုရိုနာအဆုတ်ရောင်ရောဂါကုသရေးတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အမြင့်ဆုံး ပြည်သူ့ရှေ့နေချုပ်ရုံးသည် လွန်ခဲ့သောရက်များက ဗဟို ရောဂါထိန်းချုပ်ရေး စီမံမှုကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အမှုစိစစ်ရေးဌာန ၏လုပ်ငန်းဆောင်တာ အကြောင်းကြားစာ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ကဏ္ဍ တွင် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်း အားထုတ်မှု များ ကို...
နေပြည်တော် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ယခုထိ အဆုတ်ရောင်ရောဂါ Novel Coronavirus (2019-nCoV) ဖြစ်ပွားသူ မတွေ့ရှိသေးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ နေပြည်တော်၌ ပြုလုပ်သော ရောဂါ ကြိုတင်...