Connect with us

Social, Education & Health

ကိုရိုနာ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ကူညီဆောင်ရွက်ရန် တရုတ်နိုင်ငံဒေသအသီးသီးမှ အဖွဲ့ ၆၈ ဖွဲ့ရောက်ရှိနေ

ဟူပေပြည်နယ်သို့ သွားရောက်ကူညီသည့် ဆေးကုသရေးအဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ကိုရိုနာ အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ကူညီဆောင်ရွက်ပေးရန် ရောက်ရှိနေသော အဖွဲ့များသည် ဖေဖော်ဝါရီ  ၂ ရက် ဒေသစံတော်ချိန် ည ၈ နာရီခန့်အထိဆိုရလျှင် အဖွဲ့ပေါင်း ၆၈ ဖွဲ့၊ အဖွဲ့ဝင်ပေါင်း ၈,၃၁၀ ကျော် ထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ဟူပေပြည်နယ် ဒုတိယပြည်နယ်မှူး ရှောင်းကျွီဟွာက ယင်းနေ့တွင် ကျင်းပသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

အဆိုပါ ဆေးကုသရေးအဖွဲ့များသည် တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မတီ ၊ အမျိုးသား တရုတ်တိုင်းရင်းဆေးဝါးစီမံခန့်ခွဲရေးဌာန၊ တရုတ်တိုင်းရင်းဆေးသိပံ္ပအကယ်ဒမီအပါအဝင် တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊ မြို့ပေါင်း ၂၉ ခုနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တို့မှ ဖြစ်ကြောင်း သိရသည်။

ဆေးကုသရေးအဖွဲ့များသည် အသက်ရှူလမ်းကြောင်း၊ ကူးစက်ရောဂါနှင့် ပြင်းထန်သည့် ရောဂါကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ထူးချွန်သူနာပြုအဖွဲ့များပါဝင်ကြောင်း ဆားစ်(SARS) နှင့်အီဘိုလာ (Ebola) ရောဂါ တိုက်ဖျက်ရေးတွင် ကူညီဆောက်ရွက်ပေးခဲ့သူများလည်းပါဝင်ရာ ကုသရေးအတွေ့အကြုံများစွာရှိကြောင်း သိရသည်။ 

၎င်းတို့အနက် ရှန်ဟိုင်း၊ ကွမ်တုန်း၊ ကျဲ့ကျန်း၊ ကျန်းဆူး၊ စီချွန်း၊ ထျန်ကျင်း၊ ဆန်းတုန်း၊ ချုံချင့်စသည့် ပြည်နယ်နှင့်မြို့ ၁၅ ခုမှ  ဟူပေသို့ ကူညီရန် ဆေးကုသရေးအဖွဲ့အမြောက်အမြားစေလွှတ်ခဲ့ကြောင်း သိရသည်။ 

ဆေးကုသရေးအဖွဲ့များ ဟူပေသို့ရောက်ရှိပြီးနောက် သတ်မှတ်ထားသည့် ဆေးရုံများတွင် တာဝန် ထမ်းဆောင်လျက်ရှိကြောင်းနှင့်ဟောဆန်ဆန်းဆေးရုံတွင်  တပ်ဖွဲ့ဝင် ၁,၄၀၀ ရှိ PLA ဆေးကုသရေး စုပေါင်းအဖွဲ့က တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117