Connect with us

Social, Education & Health

ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဆေးဘက်ဆိုင်ရာ ပစ္စည်းများ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ရန် တရုတ်နိုင်ငံက ကြိုးပမ်း အားထုတ်နေ 

တရုတ် နိုင်ငံ၌ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ဖြစ်သည့် နှာခေါင်းစည်း နှင့် အကာအကွယ် ဝတ်စုံများ ထုတ်လုပ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ တိုက်ဖျက်ခြင်းအား ကူညီရန် ဆေးဘက်ဆိုင်ရာ ပစ္စည်း အသုံးအဆောင်များ ထုတ်လုပ်သော ကုမ္မဏီများစွာမှ အလုပ်သမားများသည် ဆေးဘက်ဆိုင်ရာ အကာအကွယ် ပစ္စည်းများအား သတ်မှတ်ကာလထက် စောလျင်စွာ ထုတ်လုပ် ပြီးစီးနိုင်ရန် အလျင်အမြန် လုပ်ဆောင်နေကြကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင် ဖြစ်ပွားကတည်းက ပြည်သူများသည် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို အလျင်အမြန် ဝယ်ယူခဲ့ကြရာ ကနဦး အစပိုင်းတွင် ပစ္စည်းများ ရောင်းချသည့် စတိုးဆိုင်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) များ ကုန်လုနီးပါး ဖြစ်ခဲ့ပြီး အွန်လိုင်းမှ ဝယ်ယူနိုင်ရန် ခက်ခဲခဲ့ကြောင်း ၊ တစ်ချိန်တည်းမှာပင် ရောဂါဒဏ် အပြင်းထန်ဆုံး ခံစားရသည့် တရုတ် နိုင်ငံ ဟူပေ ပြည်နယ် ၊ ဝူဟန့်မြို့ရှိ ဆေးရုံများ၌လည်း ဆေးဘက်ဆိုင်ရာ ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ အဆိုပါ ပြသနာကို ရင်ဆိုင် ဖြေရှင်းရန် ဆေးဘက်ဆိုင်ရာ ပစ္စည်း ထုတ်လုပ်သူများက နှစ်သစ်ကူး ပွဲတော် အားလပ်ရက် အချိန်ကာလ ဖြစ်လင့်ကစား အနားယူခြင်း မရှိဘဲ များပြားသော ဝယ်လိုအားကို ဖြည့်တင်းရန် ထုတ်လုပ်မှုများကို ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)