Connect with us

Social, Education & Health

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု လူနာသစ်အရေအတွက် နှစ်ရက်ဆက်တိုက် လျော့ကျလာ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျင့်ပြည်နယ်ရှိ Zhangzhou ဆေးရုံ၌ မှန်တစ်ဖက်တစ်ချပ်ဆီမှနေ၍ ဝန်ထမ်းနှစ်ဦး အပြန်အလှန်နှုတ်ဆက်စဉ်(ဆင်ဟွာ)

ပေကျင်း၊ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပြည်မကြီး၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု လူနာအသစ် အရေအတွက်သည် နှစ်ရက်ဆက်တိုက်ကျဆင်းခဲ့ရာ ဒုတိယမြောက်ရက်တွင်လည်း ဆက်လက်လျော့နည်းသွားခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်၏ ကိန်းဂဏန်းများအရ သိရသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် တရုတ်နိုင်ငံအနှံ့အပြားရှိ ပြည်နယ် ၃၁ ခုနှင့် ရှင်းကျန်းဒေသတို့တွင် လူနာအသစ် ၃,၉၇၁ ဦး လက်ခံရရှိခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်က လူနာအသစ် ၅,၀၇၂ ဦး နှင့် ဖေဖော်ဝါရီ ၂ ရက်က လူနာအသစ် ၅,၁၇၃ ဦးပမာဏများနှင့်နှိုင်းယှဉ်ပါက အရေအတွက် လျော့ကျသွားခဲ့ကြောင်း ကော်မရှင်၏ ပြောကြားချက်အရသိရသည်။(Xinhua)