မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့်ပတ်သက်၍ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဆင့် နှင့် အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည့် နိုင်ငံတကာဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ် Baghlan-e-Markazi ခရိုင် တွင်အောက်တိုဘာ ၂၁ရက်က စုဝေးပွဲနေသည့် တာလီဘန်အုပ်စုတစ်ခုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန်စစ်သွေးကြွ အယောက် ၃၀ သေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Mohammad Hanif Rezai ကပြောကြားခဲ့သည်။
ကဘူးလ်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) အာဖဂန်ရေးရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad နှင့် တာလီဘန်ကိုယ်စားလှယ် များသည် ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် အောက်တိုဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကာလက်၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabul ပြည်နယ်ရှိ တာလီဘန် ထိန်းချုပ်ထားရာ Shahjoy ခရိုင် အကြီးအကဲ မူလာအဗ္ဗဒူလ်လာတစ်ဖ် (Mullah Abdul Latif) နှင့် ၎င်း၏ ကိုယ်ရံတော် နှစ်ဦးတို့သည် သြဂုတ်လ ၂၆ ရက်၌...
FAIZABAD ၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Basakhshan ပြည်နယ် Nasai ခရိုင်ရှိ အစိုးရအရာရှိတစ်ဦးအား တာလီဘန် စစ်သွေးကြွများက ပြန်ပေးဆွဲခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Sanaullah Rohani က သြဂုတ်လ ၂၆ ရက်က ပြောကြားခဲ့သည်။
မိုင်မာနာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryabပြည်နယ် ရှိ စစ်စခန်းတစ်ခုကို သြဂုတ် ၁၁ ရက် ညပိုင်းက တာလီဘန်စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အာဖဂန်တပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးပြီး အခြားတပ်ဖွဲ့ဝင် ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်တွင်...
ကဘူးလ် ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံတစ်ခုကို ဧပြီလ ၁၄ ရက်က တာလီဘန်လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့တော်ကဘူးလ်ရှိ နေရာတော်တော်များများ တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ကဘူးလ် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က မတ်လ ၃၁ ရက်နေ့ တွင် နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ် တွင် နယ်မြေရှင်းလင်းရေး...
ဘဂ္ဂဒက် ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ အတွင်း ရှိ IS အစွန်းရောက် အဖွဲ့အစည်း နှင့် အစိုးရ အတိုက်အခံ တာလီဘန် လက်နက်ကိုင် အဖွဲ့အစည်း တို့အား ဒီဇင်ဘာ ၅ ရက် နှင့် ၆ ရက်...
ကွန်ဒုစ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုစ်ပြည်နယ် အီမန်ဆာဟစ်ခရိုင်တွင် နိုဝင်ဘာလ ၁၉ ရက်က မိုင်းဗုံးတပ်ဆင်နေစဉ် ပေါက်ကွဲသွားသဖြင့် တာလီဘန်စစ်သွေးကြွ ၇ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး Mahboubullah...