Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ IS နှင့် တာလီဘန် လက်နက်ကိုင် အဖွဲ့ တို့မှ တပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ အတွင်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အတွင်း ရှိ IS အစွန်းရောက် အဖွဲ့အစည်း နှင့် အစိုးရ အတိုက်အခံ တာလီဘန် လက်နက်ကိုင် အဖွဲ့အစည်း တို့အား ဒီဇင်ဘာ ၅ ရက် နှင့် ၆ ရက် တို့တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ရာ လက်နက်ကိုင် တပ်ဖွဲ့ဝင်ပေါင်း ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရှိခဲ့ရသည်။

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် အစိုးရ က ဒီဇင်ဘာ ၆ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တိုက်လေယာဉ် များသည် ပြည်နယ်အတွင်းရှိ IS အစွန်းရောက် အဖွဲ့ တို့ ပုန်းအောင်း နေသော စခန်းအား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အစွန်းရောက် တပ်ဖွဲ့ဝင်ပေါင်း ၂၅ ဦး ကို ချေမှုန်း နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း ဖျက်စီး နိုင်ခဲ့ကြောင်း ၊ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိခြင်းမရှိကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က အစိုးရ တပ်ဖွဲ့ မှ ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် နိုင်ငံမြောက်ပိုင်းရှိ တာလီဘန် တပ်ဖွဲ့ တို့ ပုန်းအောင်း နေသည့် တပ်စခန်း ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း ပြောကြား ခဲ့သည်။

IS နှင့် တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ တို့သည် လတ်တလော ကာလပိုင်းတွင် အာဖဂန်နစ္စတန် နိုင်ငံ အတွင်း တိုက်ခိုက်မှု များဆောင်ရွက်ခဲ့ရာ လူအမြောက်အများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွားစေခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် လည်း ယင်း လက်နက်ကိုင် တပ်ဖွဲ့များ ကို ချေမှုန်းရန် စစ်ဆင်ရေးများ အဆက်မပြတ်ဆောင်ရွက်နေကြောင်း သိရှိခဲ့ရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117