Connect with us

Africa & Middle East

အာဖဂန် တာလီဘန်လက်နက်ကိုင်များက လျှပ်စစ်ဓာတ်အားပေးအဆောက်အအုံတစ်ခုအား တိုက်ခိုက်ခဲ့သည့်အတွက် မြို့တော်နေရာအတော်များများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်

အာဖဂန် မြို့တော် ကဘူးလ်မြို့လယ်ခေါင်ရှိ ဖေါက်ခွဲမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ကဘူးလ် ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံတစ်ခုကို ဧပြီလ ၁၄ ရက်က တာလီဘန်လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့တော်ကဘူးလ်ရှိ နေရာတော်တော်များများ တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုသည် ဧပြီလ ၁၄ ရက် မနက်ပိုင်းတွင်ဖြစ်ပွားခဲ့ရာ မြို့တော်ကဘူးလ်သို့ ပေးပို့သော လျှပ်စစ်ဓာတ်အားလိုင်းနှင့် လျှပ်စစ်မျှော်စင်အချို့ပျက်စီးခဲ့သည်ဟု Baghlan ပြည်နယ် ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပျက်စီးမှုများကို အမြန်ဆုံးပြုပြင်နိုင်ရန် သက်ဆိုင်ရာအစိုးရဌာနများက နည်းပညာကျွမ်းကျင်သူများအား အခင်းဖြစ်ပွားသည့်နေရာသို့ စေလွှတ်၍ထားကြောင်းသိရသည်။ယခုတိုက်ခိုက်မှုမှာ တာလီဘန်များက Baghlan ပြည်နယ်ရှိ လျှပ်စစ်ဓာတ်အားပေးအဆောက်အအုံကို ဒုတိယအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။ (Xinhua)