Connect with us

Asia

တာလီဘန် ထိန်းချုပ်ထားရာဒေသ၌ ဗုံးပေါက်ကွဲမှုအတွင်း ခရိုင်အကြီးအကဲနှင့် ကိုယ်ရံတော်နှစ်ဦး သေဆုံး

တာလီဘန်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကာလက်၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabul ပြည်နယ်ရှိ တာလီဘန် ထိန်းချုပ်ထားရာ Shahjoy ခရိုင် အကြီးအကဲ မူလာအဗ္ဗဒူလ်လာတစ်ဖ် (Mullah Abdul Latif) နှင့် ၎င်း၏ ကိုယ်ရံတော် နှစ်ဦးတို့သည် သြဂုတ်လ ၂၆ ရက်၌ အစိုးရတပ်ဖွဲ့ဝင်များက ဗုံးကြဲတိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲချုပ်က ပြောကြားခဲ့သည်။

တာဝန်ရှိသူ၏ အဆိုအရ မူလာအဗ္ဗဒူလ်လာတစ်ဖ်သည် တာလီဘန် ထိန်းချုပ်ထားသော ခရိုင်အကြီးအကဲ ဖြစ်သလို တာလီဘန်များ၏ အကျဉ်းသားများဌာန အကြီးအကဲလည်း ဖြစ်သည်။ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တာလီဘန်များဘက်မှ မှတ်ချက်ပြုထားခြင်းမရှိသေးပေ။ (Xinhua)