လန်ဒန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံတွင် နောက်ထပ် COVID-19 ရောဂါဖြစ်ပွားမှု ၃၆,၈၀၄ ဦးတွေ့ရှိခဲ့သဖြင့် ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ နေ့စဉ် ကူးစက်မှုအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်လာခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
လန်ဒန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဥရောပနိုင်ငံအတော်များများသည် ကူးစက်မြန် သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြောင့် ဗြိတိန်နိုင်ငံမှ လေကြောင်းပျံသန်းမှုများကို ဒီဇင်ဘာ ၂၀ ရက်မှစတင်ကာ တားမြစ်လိုက်ကြောင်း သိရသည်။
ဂျေရုဆလမ် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကူးစက်မှုနှုန်းအလွန်လျင်မြန်သည့် ဗီဇပြောင်း ဗိုင်းရပ်စ် COVID-19 ရောဂါမျိုးကွဲသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမှ လေယာဉ်အဝင် ပိတ်ပင်တားမြစ်သည့် ကြေညာချက်တစ်ခုကို အစ္စရေးနိုင်ငံက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး ဥရောပသမဂ္ဂနှင့်ဗြိတိန်အကြား အနာဂတ်ဆက်ဆံရေး ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်နိုင်ရန်ရှိမရှိ ယခုရက်သတ္တပတ်အတွင်း ဆုံးဖြတ်မည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ဒီဇင်ဘာ ၉ ရက် ညပိုင်း လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
လန်ဒန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံသည် COVID-19 ကာကွယ်ဆေးကို မီးစိမ်းပြလိုက်သည့် ပထမဆုံး အနောက်နိုင်ငံဖြစ်လာပြီး ရက်သတ္တပတ်တစ်ပတ်ခန့်အကြာ လူအများအပြားပါဝင်သည့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နှင့် ဥရောပကောင်စီ ဥက္ကဋ္ဌUrsula von der Leyenတို့က ဒီဇင်ဘာ ၅ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပြီးနောက် ၎င်းတို့၏အဖွဲ့များအား ဒီဇင်ဘာ ၆ ရက်မှစ၍ ကုန်သွယ်ရေး သဘောတူညီချက်ကို...
လန်ဒန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူတစ်ဦးနှင့်ထိတွေ့ခဲ့သည်ဟု သတင်းရရှိပြီးနောက် ကွန်ဆာဗေးတစ် ပါတီ လွှတ်တော်အမတ်အချို့ တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း Sky News က နိုဝင်ဘာ ၁၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အလားတူအကြောင်းပြချက်ဖြင့် တစ်ကိုယ်ရေ...
လန်ဒန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက COVID-19 ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့သည့် ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများအား ကူညီထောက်ပံ့မှုပြုလုပ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။
လန်ဒန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိချိန်တွင် နိုင်ငံအတွင်း၌ COVID-19 ရောဂါ စစ်ဆေးမှုစင်တာပေါင်း ၅၀၀ ခု အားထူထောင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူလူထုများ ပိုမိုလွယ်ကူချောမွေ့စွာ ရောဂါစစ်ဆေးနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် အသစ်ထပ်တိုးလူနာ ၄,၄၂၂ ဦးရှိခဲ့ရာ ယင်းမှာ ၄ လအတွင်း စံချိန်သစ် ဖြစ်ခဲ့ကြောင်းနှင့် ယခုအခါ နိုင်ငံအတွင်း စုစုပေါင်း အတည်ပြုလူနာ အရေအတွက် ၃၉၀,၃၅၈ ဦးထိ ရှိလာကြောင်း ဗြိတိန်နိုင်ငံ အစိုးရ၏ စက်တင်ဘာ...