Connect with us

WORLD

AstraZeneca ကာကွယ်ဆေးက တောင်အာဖရိကနိုင်ငံတွင် တွေ့ရှိခဲ့သော ဗီဇပြောင်း COVID-19 ရောဂါပိုးအား အကန့်အသတ်တစ်ခုသာ ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိ

ဗြိတိန်နိုင်ငံ Luton မြို့ရှိ AstraZeneca ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တောင်အာဖရိက နိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုးကြောင့် ဖြစ်ပွားစေခဲ့သည့် ရောဂါလက္ခဏာ အနည်းငယ် မှ အလယ်အလတ်အဆင့် အထိဖြင့် ကူးစက်ခံရမှုအား ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် နှင့် AstraZeneca ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီ တို့မှ ပူးပေါင်း တီထွင်ထုတ်လုပ်ခဲ့သည့် COVID-19 ရောဂါကာကွယ်ဆေးက ကြိုတင်ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိ အလွန်နည်းပါးကြောင်း အောက်စ်ဖို့တက္ကသိုလ် ၏ ဖေဖော်ဝါရီ ၇ ရက်၌ ထုတ်ပြန်ခဲ့သော ကနဦးသုတေသန ရလဒ်အရ သိရှိရသည်။

AstraZeneca ကာကွယ်ဆေး က တောင်အာဖရိကနိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုး ( အမည်သတ်မှတ်ချက်-B.1.351 ) ကြောင့် ဖြစ်ပွားခဲ့သည့် ကူးစက်မှုတွင် ထိရောက်မှုရှိမရှိ အပေါ်လေ့လာနိုင်ရန်အတွက် တောင်အာဖရိကနိုင်ငံ Witwatersrand တက္ကသိုလ် နှင့် ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် မှ သုတေသနပညာရှင်များက အထက်ဖော်ပြပါ သုတေသနကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

သုတေသနဆောင်ရွက်သူများအနေဖြင့် အသက် ၃၁ နှစ်အရွယ်ရှိ လုပ်အားပေး လူဦးရေ နှစ်ထောင်ခန့်ကို စုစည်းခဲ့ပြီး COVID-19 ရောဂါ ကူးစက်ခံရသည့် လက္ခဏာ အနည်းဆုံး တစ်မျိုးပြသည့် လူနာအား အနည်းငယ်ကူးစက်ခံရသည့် အဆင့်အဖြစ် သတ်မှတ်ခဲ့ကြောင်း ၊ ကနဦးစမ်းသပ်မှုများအရ B.1.351 ရောဂါပိုးက AstraZeneca ကာကွယ်ဆေး ထိုးနှံမှု ခံယူထားသည့် လူများတွင် ဆက်လက်၍ ပျံ့ပွားစေခဲ့ပြီး အကန့်အသတ်တစ်ခုသာ ကာကွယ်နိုင်စွမ်းရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ၊ သို့သော် ယခုအကြိမ်သုတေသနဆောင်ရွက်ရာတွင် စမ်းသပ်မှုခံယူရန်ရွေးချယ်ခဲ့သူများက ငယ်ရွယ်သူများဖြစ်သောကြောင့် ၎င်းတို့ အနေဖြင့် ဗီဇပြောင်း ရောဂါပိုးကူးစက်ခံခဲ့ရပြီးနောက်ပိုင်းတွင် ပြင်းထန်သည့် ရောဂါ လက္ခဏာဖြစ်ပွားခြင်း ၊ ဆေးရုံတက်ကုသမှုခံယူရခြင်း နှင့် သေဆုံးမှုဖြစ်ပွားစေခြင်း စသည့်အန္တရာယ် က အနည်းငယ်သာရှိကြောင်း ၊ သုတေသနအဖွဲ့အနေဖြင့် ယခုအကြိမ် သုတေသနဆောင်ရွက်ရာတွင် ပြင်းထန်စွာ ကူးစက်ခံရသည့် အဆင့်တွင် AstraZeneca ကာကွယ်ဆေး၏ ထိရောက်မှုအပေါ် သုတေသနဆောင်ရွက်ခြင်း မပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၇ ရက်၌ တောင်အာဖရိကနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သော ရှင်းလင်းပွဲတွင် တောင်အာဖရိကနိုင်ငံ Witwatersrand တက္ကသိုလ် ကာကွယ်ဆေးပညာ ပါမောက္ခ Shabir A. Madhi က လက်ရှိချိန်တွင် တောင်အာဖရိကနိုင်ငံ၌ အဓိက ပြန့်ပွားမှုဖြစ်နေသည် မှာ B.1.351 အမျိုးအစား COVID-19 ရောဂါပိုးဖြစ်ကြောင်း ၊ အချို့သော AstraZeneca ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံမှု ခံယူထားပြီးသည့် လုပ်အားပေးများက အနည်းငယ် နှင့် အလယ်အလတ် အဆင့် ကူးစက်ခံရသည့် လက္ခဏာများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၊ သို့သော် ယခင်နှစ် အောက်တိုဘာလ၌ ပြုလုပ်ခဲ့သော လူ၌ လက်တွေ့စမ်းသပ်မှုတွင် ကာကွယ်ဆေး၏ COVID-19 ရောဂါ ကာကွယ်နိုင်သည့် ထိရောက်မှုက လွန်စွာမြင့်မားခဲ့ပြီး ကာကွယ်ဆေးတစ်ကြိမ်သာ ထိုးနှံမှုခံယူထားသော်လည်း ကာကွယ်နိုင်သည့် ရာခိုင်နှုန်းက ၇၅ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ၊ သို့သော် ရောဂါပိုးသည် ဗီဇပြောင်းလဲ ပြန့်ပွားလာသည်နှင့်အမျှ ယင်းကာကွယ်ဆေး၏ ထိရောက်မှုက လျော့ကျလာခဲ့ကြောင်း ပြောကြားခဲ့သည်။
အောက်စ်ဖို့တက္ကသိုလ် ထုတ်ပြန်ကြေညာချက်အရ ယခုထုတ်ပြန်ခဲ့သည့် ကနဦးသုတေသနရလဒ် ၏ peer review က ဆောင်ရွက်မှု မပြီးစီးသေးကြောင်း သိရှိရသည်။

အောက်စ်ဖို့တက္ကသိုလ် COVID-19 ရောဂါကာကွယ်ဆေးအဖွဲ့တွင် အဓိက သိပ္ပံပညာရှင်တစ်ဦးအဖြစ်ပါဝင်သော ပါမောက္ခ Sarah Gilbert က လက်ရှိချိန်တွင် သုတေသနဆောင်ရွက်သူများအနေဖြင့် ကာကွယ်ဆေးမျိုးဆက်သစ် တစ်မျိုးကို တီထွင်ထုတ်လုပ်နေပြီး ယင်းကာကွယ်ဆေးက ဗီဇပြောင်း COVID-19 ရောဂါပိုး နှင့် ကြုံတွေ့ချိန်တွင်လည်း အမျိုးအစားအလိုက် ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း ၊ ကာကွယ်ဆေးအဖွဲ့ အနေဖြင့် အဆက်မပြတ် သက်ဆိုင်ရာ အခြေအနေများအား စောင့်ကြည့်စစ်ဆေးမှုများကို ဆောင်ရွက်သွားပြီး ကာကွယ်ဆေးထုတ်လုပ်မှုနည်းဗျူဟာ အပေါ် အချိန်မီ ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————
Chinese Version)
(国际疫情)研究:阿斯利康疫苗对南非报告的变异新冠病毒效果有限
2021-02-08 12:37:18 分类: 科学技术
  新华社伦敦2月7日电(记者张家伟)英国牛津大学网站7日发布一项研究的初步结果称,该校与阿斯利康制药公司合作开发的新冠疫苗,对于南非报告的变异新冠病毒所导致的轻度至中度感染,仅能起到“极小”的预防作用。
  为分析这款新冠疫苗对南非报告的变异新冠病毒(被称为B.1.351)导致的感染能否发挥有效作用,南非金山大学、英国牛津大学等机构的研究人员合作开展了这项研究。
  研究人员招募了约2000名平均年龄为31岁的志愿者,轻度感染被定义为出现至少一种新冠感染症状。初步试验结果显示,在B.1.351变异新冠病毒上观察到的突变能够让病毒在接种了疫苗的人群中继续传播,保护效力有限。不过,由于此次研究选取的目标人群平均年龄较为年轻,他们本身感染目前的变异病毒后出现重症、住院甚至死亡的风险就相对较低,因此研究团队此次未能针对重度感染等评估阿斯利康疫苗的有效性。
  另据南非金山大学疫苗学教授沙比尔•马迪7日在南非卫生部举行的线上发布会上介绍,当前在南非传播的主要就是这种变异新冠病毒。一些接受了两剂阿斯利康疫苗注射的志愿者依然出现了轻度到中度的感染症状。而去年10月前临床试验中这一疫苗的有效性非常高,即使只接种一剂,保护率也可以达到75%,但随着变异病毒的传播,该疫苗有效性减弱了。
  据牛津大学官网介绍,这一初步研究成果的同行评议程序目前尚未完成。
  牛津大学新冠疫苗团队领衔科学家之一莎拉•吉尔贝特教授说,目前研究人员正在开发新一代疫苗,即便是面对新出现的变异新冠病毒,也可以有针对性地起到保护作用;团队会持续监测相关情况以便及时调整疫苗开发策略。(参与记者:荆晶)(完)

Photo
2020年5月18日在英国卢顿拍摄的阿斯利康制药公司外景。(新华社发,蒂姆•爱尔兰摄)