Connect with us

WORLD

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် က ပြည်ဝင်ခွင့်စီမံခန့်ခွဲမှုကို တိုးချဲ့ဆောင်ရွက်ပြီး COVID-19 ကပ်ရောဂါ ကို ကာကွယ်ထိန်းချုပ်သွားမည်ဟု ဆို

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်တွင် လူများ နှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဗြိတိန်နိုင်ငံအနေဖြင့် ပြည်ဝင်ခွင့်စီမံခန့်ခွဲမှု ကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုရှိသည့် နိုင်ငံ နှင့် ဒေသများမှာ ပြည်သူများ ဗြိတိန်နိုင်ငံအတွင်းသို့ဝင်ရောက်လာပါက သတ်မှတ်ထားသည့် နေရာတွင် မဖြစ်မနေ အချိန် ၁၀ ရက် သီးသန့်ခွဲခြားနေထိုင်ရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်၌ ပြောကြားခဲ့သည်။

ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး ဗြိတိန်နိုင်ငံတွင် ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ဗြိတိန်နိုင်ငံ အစိုးရ က လွန်ခဲ့သောရက်ပိုင်းအတွင်း ဘရာဇီး ၊ ချီလီ ၊ ပေါ်တူဂီ နှင့် တောင်အာဖရိက စသည့် နိုင်ငံ နှင့် ဒေသများအား အနီရောင်စာရင်းသို့ သွင်းခဲ့ပြီး ယင်းနိုင်ငံ နှင့် ဒေသများမှ ခရီးသွားဧည့်သည်များ ဗြိတိန်နိုင်ငံသို့ ဝင်ရောက်ခြင်းကို ကန့်သတ်ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှုအနက် ဗြိတိန်နိုင်ငံသား ၊ အိုင်ယာလန်နိုင်ငံသား နှင့် ဗြိတိန်နိုင်ငံတွင် နေထိုင်ခွင့်ရရှိထားသူများမပါဝင်ဘဲ အထက်ဖော်ပြပါ ဒေသများမှ ဗြိတိန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပါက အချိန် ၁၀ ရက် သီးသန့်ခွဲခြားနေထိုင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဘောရစ်ဂျွန်ဆင်သည် ဇန်နဝါရီ ၂၇ ရက်က ဗြိတိန်နိုင်ငံအောက်လွှတ်တော် ၌ မိန့်ခွန်းပြောကြားရာတွင် ဗြိတိန်နိုင်ငံအစိုးရ အနေဖြင့် သက်မှတ်ချက်အသစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အနီရောင်အမည်စာရင်းတွင် ပါဝင်သည့် နိုင်ငံနှင့်ဒေသ မှလာရောက်သည့် ခရီးသွားဧည့်သည် များအား အစိုးရမှ သတ်မှတ်ထားသည့် ဟိုတယ် နှင့် တည်းခိုရာ နေရာများ တွင် အချိန် ၁၀ ရက် သီးသန့်ခွဲခြားနေထိုင်စေမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာအစိုးရဌာနများအနေဖြင့် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီး ယင်းဆောင်ရွက်မှုအသစ်အား အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် နေအိမ်ပြင်ပမထွက်ခွာရ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဘောရစ်ဂျွန်ဆင် က အစိုးရအနေဖြင့် ပိုမိုများပြားသော အချက်အလက်များရရှိမှသာ ယင်းဆောင်ရွက်မှု အပေါ် ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရန် ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ၊ ခန့်မှန်းခြေအားဖြင့် ဖေဖော်ဝါရီလလယ်ပိုင်းအချိန်တွင် အခြေအနေ က ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ပြီး အစိုးရအနေဖြင့် ယင်းအချိန်တွင် သုံးသပ်မှု ရလာဒ်ကို ကြေညာသွားမည်ဖြစ်ကာ နေအိမ်ပြင်ပမထွက်ခွာရ ကန့်သတ်မှုနှင့်ပတ်သက်၍ တစ်ဆင့်ခြင်း လျှော့ချမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံအစိုးရ ၏ ဇန်နဝါရီ ၂၇ ရက်ထုတ်ပြန်ကြေညာချက်အရ ဗြိတိန်နိုင်ငံတွင် ယင်းနေ့၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂၅,၃၀၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၃,၇၁၅,၀၅၄ ဦးထိရှိလာကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁,၇၂၅ ဦးရှိပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၁,၈၈၇ ဦးရှိကြောင်း သိရသည်။ (Xinhua)

—————————
(Chinese Version)
(国际疫情)英国首相表示将加强入境管理以防控新冠疫情
2021-01-28 05:22:15 分类: 医药卫生
  新华社伦敦1月27日电(记者张家伟 金晶)英国首相约翰逊27日说,英国将加强入境管理,来自有变异新冠病毒传播风险的国家和地区的旅客入境后必须在指定住宿地隔离10天。
  为防止变异新冠病毒在英国蔓延,英国政府近日将巴西、阿根廷、智利、葡萄牙、南非等国家和地区列入“红色名单”,禁止来自这些国家和地区的旅客入境英国。但这一措施不涉及英国公民、爱尔兰公民以及拥有英国居留权的人员,这些人员从上述国家和地区入境英国后必须自我隔离10天。
  约翰逊27日在英国议会下院说,政府将实施新规定,要求来自“红色名单”国家和地区的旅客在政府指定的酒店等住宿地隔离10天。有关部门正在准备中,措施会尽快落实。
  约翰逊在谈到当前实施的“禁足”措施时表示,政府还需要更多数据才能判断如何对这一措施加以调整,预计2月中旬情况会更加明朗,届时政府将公布评估结果,做出一个逐步放宽“禁足”措施的规划。
  英国政府27日发布的疫情数据显示,该国当天新增新冠确诊病例25308例,累计确诊3715054例;新增死亡病例1725例,累计死亡101887例。(完)

Photo
10月31日,人们戴着口罩在英国伦敦市中心行走。新华社记者 韩岩 摄