မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) ဆီးရီးယားပြဿနာအား ဧပြီလ ၂၈ ရက် မော်စကိုတွင် ကျင်းပသော ရုရှား၊တူရကီ၊အီရန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ ထိုပြဿာနာနှင့်စပ်လျဉ်း၍ အက်စတနာငြိမ်းချမ်းရေး ဆွေးနွေးမှုကို မေ ၁၄ ရက် ၊၁၅ ရက်တွင် ထပ်မံပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့၏ တွေ့ဆုံပွဲသည် လာမည့် သီတင်းပတ် သုံးပတ် သို့မဟုတ် လေးပတ်အတွင်း ဖြစ်နိုင်ကြောင်း ဧပြီလ ၂၈ ရက်က မီချီဂန်ပြည်နယ်၌ ရှိနေစဉ် ထရမ့်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မြောက်ဦးမြို့နယ်၌ ငွေကျပ် သိန်း ၁၄,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ဆိုးလ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်က ၎င်းတို့နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုပြုလုပ်ရာနေရာအား မေလတွင် ပွင့်လင်းစွာ ပိတ်သွားမည်ဟု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ဧပြီလ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတ ထရန့်က ဧပြီ ၂၈ ရက်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် ၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ှနှင့် တိုးတက်ပြောင်းလဲလာသည့် မြောက်ကိုရီးယားကျွန်းဆွယ်အရေးအခြေအနေသစ်များကို ဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဝါရှင်တန်၊ မတ် ၇ ရက် (ဆင်ဟွာ) အမေရိကန်က မြောက်ကိုရီးယားအပေါ် အသစ်ထပ်တိုးပိတ်ဆို့မှုများပြုလုပ်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nauert က ၆ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဆိုပါသည်။၎င်းကြေညာချက်တွင် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဓာတုပစ္စည်းသုံး၍အသတ်ခံရကြောင်း ၊အမေရိကန်က ၎င်းနိုင်ငံ၏ သက်ဆိုင်ရာ...
ပြုံယမ်း ၊ မတ် ၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီပိုင် သတင်းဌာန က မတ်လ ၇ ရက်နေ့၌ ဖော်ပြ ခဲ့သည့် သတင်းဆောင်းပါး တွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား နှင့် နျူကလီးယား လက်နက်...
ဆိုးလ် ၊ မတ် ၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က မတ်လ ၁ ရက်တွင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့အထူးကိုယ်စားလှယ်စေလွှတ်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် ၂၃ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ယနေ့ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား အဆင်ပြေသောအချိန်၌ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်က ဖိတ်ကြားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်မှ ပြောကြားခဲ့သည်။