Connect with us

Asia

မြောက်ကိုရီးယားက တောင်ကိုရီးယားပေါ်သို့ လက်ကမ်းစာစောင် သန်းပေါင်းများစွာ ကြဲချ၍  လက်တုံ့ပြန်မည်ဟုဆို

မြောက်ကိုရီးယား နိုင်ငံ ပြုံးယမ်းမြို့၌ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သော နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ စစ်ရေးပြ အခမ်းအနားတွင် ချီတက်နေသော စစ်သားများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြုံးယမ်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) 

မြောက်ကိုရီးယားနိုင်ငံ(DPRK)က တောင်ကိုရီးယားပေါ်သို့  မကြာမီကာလအတွင်း လက်ကမ်းစာစောင် ၁၂ သန်းကြဲချခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံက ကျူးလွန်ထားသော ပြစ်မှုများအား ပြန်လည်ပေးဆပ်ရန် လက်တုံ့ပြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။  

တောင်ကိုရီးယားနိုင်ငံ အတွင်းပိုင်းထိ လက်ကမ်းစာစောင်များ ကြဲချနိုင်မည့် မိုးပျံပူဖောင်း ၃,၀၀၀ ကျော် အပါအဝင် ပစ္စည်းကိရိယာ အမျိုးမျိုး နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေရန် နည်းလမ်းပေါင်းစုံကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း နှင့် ဇွန် ၂၂ ရက်အထိ လက်ကမ်းစာစောင် ၁၂ သန်းကို ပုံနှိပ်ထုတ်ဝေထားပြီး ဖြစ်ကြောင်း KCNA သတင်းက ဆိုသည်။ 

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ အရှေ့မြောက်ဘက်ရှိ ဓာတ်မြေဩဇာစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် မေလအတွင်း ပြုလုပ်ခဲ့စဉ်(ဆင်ဟွာ) 

“ရန်သူကို တုံ့ပြန်ဖို့ အကြီးမားဆုံး လက်ကမ်းစာရွက် ကြဲချမှုအတွက် ပြင်ဆင်မှုအားလုံး ပြီးစီးနေပါပြီ”ဟု KCNA သတင်းတွင်ဖော်ပြခဲ့ပြီး  လက်တုံ့ပြန်အပြစ်ပေးရန်အတွက် အချိန်မှာ နီးကပ်လာပြီဖြစ်ကြောင်းလည်း ဆက်လက်ထုတ်လွှင့်ပြသခဲ့သည်။ 

တောင်ကိုရီးယားနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသူများ နှင့် အခြား တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယားနိုင်ငံအား ဆန့်ကျင်သည့် လက်ကမ်းစာစောင်များ ကြဲချသည့် လုပ်ရပ်အပေါ် လက်တုံ့ပြန် ကန့်ကွက်သည့်အနေဖြင့် မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ နှင့် ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်ခဲ့သလို တောင်ကိုရီးယား နယ်စပ်အနီး တည်ဆောက်ထားသည့် နှစ်နိုင်ငံ ဆက်ဆံရေးရုံးကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117