Connect with us

Politics, Law & Military

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ မြောက်ကိုရီးယား ဆိုင်ရာ အစီရင်ခံစာ ပေါက်ကြား ခဲ့ခြင်း အပေါ် တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မကျေနပ်ကြောင်း ပြောကြား

ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ် အဆောက်အအုံအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူက လုံခြုံရေး ကောင်စီ ၁၇၁၈ ကော်မတီ (မြောက်ကိုရီးယား နိုင်ငံ ဆိုင်ရာ အရေးယူပိတ်ဆို့မှု ကော်မတီ) ပညာရှင် အဖွဲ့ ၏ အစီရင်ခံစာ ထပ်မံ ပေါက်ကြား ခဲ့ခြင်း အပေါ် မကျေနပ်ကြောင်း ပြောကြားခဲ့ပြီး ယင်းကိစ္စရပ်အပေါ် အလေးထား စောင့်ကြည့်နေကြောင်း သြဂုတ် ၄ ရက်တွင် ပြောကြား ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံ အနေဖြင့် လုံခြုံရေး ကောင်စီ ၁၇၁၈ ကော်မတီ ပညာရှင် အဖွဲ့ က အဆိုပြု ခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်း အစီရင်ခံစာသည်  မီဒီယာ ထံသို့ ပေါက်ကြားခဲ့ခြင်း အပေါ် သတိထားမိကြောင်း ၊ မီဒီယာအချို့၏ မဟုတ်မမှန်ရေးသား ဖော်ပြမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ၊ ယခင်ချိန်များ ကလည်း ယင်း ပညာရှင် အဖွဲ့ ၏ အစီရင်ခံစာများ အကြိမ်ကြိမ် ပေါက်ကြား ခဲ့သည့် ပြဿနာမျိုး ဖြစ်ပွား ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအများအပြား က ယင်းအပေါ် ဂရုပြု ခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံအား ယင်း ကိစ္စရပ် အပေါ် အလေးအနက် ကိုင်တွယ်သွားစေလိုပြီး ယခုကဲ့သို့သော ကိစ္စရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် လုံခြုံရေး ကောင်စီ ၏ မြောက်ကိုရီးယား ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဘက်စုံ လေးနက်စွာ လိုက်နာဆောင်ရွက် ခဲ့ပြီး နိုင်ငံတကာ လုပ်ငန်း တာဝန်များအား လေးနက်စွာ တာဝန်ယူခဲ့ကြောင်း ၊ ယင်းအတွက် တရုတ်နိုင်ငံသည် အလွန်ကြီးမားသည့် ဆုံးရှုံးမှုကို ခံယူခဲ့ရပြီး များစွားသော ပေးဆပ်မှု ပြုလုပ်ခဲ့ရကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ဆက်လက်၍ ကိုရီးယား ကျွန်းဆွယ် အခြေအနေ ကောင်းမွန်လာရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊  ကိုရီးယားကျွန်းဆွယ် ပြဿနာအား နိုင်ငံရေး အရ ဖြေရှင်းနိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်  ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး နှင့် ရေရှည်တည်ငြိမ်အေးချမ်းရေး အတွက် အပြုသဘောဆောင်သော ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)