ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သောကြောင့် မိမိမွေးမြူထားသောဝက်များအားကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ချက်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဝက်များသေဆုံးမှုသည် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့်ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်အတွင်း (၆) ကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။