ရောမ ၊ မေ ၂၃ ရက် (ဆင်ဟွာ) ကမ္ဘာ့နိုင်ငံအသီးသီး မှ ခေါင်းဆောင်များ ၊ နိုင်ငံတကာ နှင့် ဒေသတွင်း အဖွဲ့အစည်း မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ကိုယ်စားလှယ်များသည် မေ ၂၁ ရက်က ဗီဒီယို ကွန်ဖရန့်ဖြင့် ရောမမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကျန်းမာရေး...
ပေကျင်း ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 လူနာအရေအတွက် ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ပြည်ပမှ ဝင်ရောက်လာသူများမှတစ်ဆင့် COVID-19 ရောဂါပြန့်နှံ့ခြင်းကို ထိန်းချုပ်ရန် စဉ်ဆက်မပြတ် အားထုတ်ကြရန် တရုတ်နိုင်ငံ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းတွင် ပြီးခဲ့သောအပတ်တွင် ရောဂါ ဖြစ်ပွားမှု ၅ ဒသမ ၂ သန်းနှင့်အတူ COVID-19 ကူးစက်မှုအသစ်များသည် သီတင်းပတ် ၈ ပတ်ဆက်တိုက် တိုးလာခဲ့ကြောင်း နှင့် လူငယ်များတွင် စိုးရိမ်ဖွယ်ရာ တိုးနှုန်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဧပြီ ၁၉...
ပေကျင်း ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်း ဧပြီ ၁၈ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေပေါင်း ၁၉၂ ဒသမ ၁၃ သန်းနီးပါးစာ ထိုးနှံပေးထားပြီးဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်ထံမှ ဧပြီ ၁၉ ရက်တွင် သိရသည်။ တရုတ်ပြည်မကြီးတွင် ဧပြီ ၁၉...
ခတ္တမန္ဒူ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ ကျန်းမာရေးဝန်ကြီး Hridayas Tripathi က ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ထိထိရောက်ရောက် မပြဌာန်းပါက နီပေါနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုများ ပြန်တိုးလာနေခြင်းသည် ယခုနှစ် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအစောပိုင်းကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
အာဒစ်အာဘာဘာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)အာဖရိကတိုက်၌ C OVID-19 အရေအတွက်မှာ ဧပြီ ၃ ရက်နေ့လည်ပိုင်းတွင် ၄,၂၅၂,၆၇၆ ဦး ရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်း၌ မတ် ၂၇ ရက်အထိ COVID-19 ကာကွယ်ဆေး သန်း ၁၀၀ ကျော် ထိုးနှံထားပြီ ဖြစ်ကြောင်း မတ် ၂၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက်ရေး ယန္တရား နှင့် ပူးတွဲထိန်းချုပ်ရေးအဖွဲ့၏...
ဆန်တီရာဂို ၊ မတ် ၇ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ၌ ပြည်သူ လေးသန်းကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံထားပေးပြီး ဖြစ်ကာ လူဦးရေ သန်းတစ်ဝက်ကျော်မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19ရောဂါဖြစ်ပွားသူ ၁၃၉,၁၅၂ ဦးတွင် သေဆုံးသူ ၃၁၀၃ ဦးရှိကြောင်း ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19ရောဂါဖြစ်ပွားသူ ၇ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။