Connect with us

WORLD

ကမ္ဘာတစ်ဝှမ်း ရက်သတ္တပတ်အတွင်း COVID-19 ကူးစက်ခြင်းမြင့်တက်မှု အသစ် ဖြစ်ပေါ်ကြောင်း WHO ပြော

အိန္ဒိယနိုင်ငံ၌ ရွှေ့ပြောင်းအလုပ်သမားများ နှင့် ၎င်းတို့၏ မိသားစုဝင်များက ခရီးသွားလာရန် ကားလက်မှတ်စောင့်ဆိုင်းနေသည်ကို ဧပြီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ကမ္ဘာတစ်ဝှမ်းတွင် ပြီးခဲ့သောအပတ်တွင် ရောဂါ ဖြစ်ပွားမှု ၅ ဒသမ ၂ သန်းနှင့်အတူ COVID-19 ကူးစက်မှုအသစ်များသည် သီတင်းပတ် ၈ ပတ်ဆက်တိုက် တိုးလာခဲ့ကြောင်း နှင့် လူငယ်များတွင် စိုးရိမ်ဖွယ်ရာ တိုးနှုန်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးမှုမှာလည်း သီတင်းပတ် ၅ ပတ်ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း ၊ ကမ္ဘာအနှံ့ သေဆုံးသူအရေအတွက်မှာ သုံးသန်းကျော်အထိ တိုးလာခဲ့ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

WHO ၏ စာရင်းများအရ ကပ်ရောဂါသည် မကြာသေးမီက အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ WHO ၏ အကြီးအကဲက “သေဆုံးမှုတစ်သန်းထိ ရောက်ဖို့ အချိန် ကိုးလကြာပါတယ်။ နှစ်သန်းထိရောက်ဖို့ အချိန် လေးလကြာပါတယ်။ သုံးသန်းထိ ရောက်ဖို့ အချိန် သုံးလ ကြာပါတယ်။”ဟု ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် အသက် ၂၅ နှစ် ၅၉ နှစ်အရွယ်များအကြားတွင် ကူးစက်မှုများနှင့် ဆေးရုံတင်ကုသမှုများသည် စိုးရိမ်ဖွယ်နှုန်းဖြင့် တိုးလာနေကြောင်း ၊ မျိုးဗီဇကွဲကူးစက်မှု မြင့်မားလာခြင်း နှင့် ငယ်ရွယ်သူများအကြား လူမူရေး ရောယှက်မှုများ တိုးလာခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကာကွယ်ဆေး အရေးပေါ် လိုအပ်ချက်နှင့်အတူ ဖြေရှင်းရန် WHO က mRNA ကာကွယ်ဆေးအတွက် COVID-19 နည်းပညာလွှဲပြောင်းသည့် အချက်အချာတစ်ခုကို တည်ထောင်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပြီး ဝင်ငွေနိမ့် နှင့် အလယ်အလတ်ဝင်ငွေအဆင့်ရှိ နိုင်ငံများတွင် အဆိုပါ ကာကွယ်ဆေး ထုတ်လုပ်မှုကို တိုးမြှင့်ရန် မျှော်လင့်ကြောင်း သိရသည်။

WHO ညွှန်ကြားရေးမှူးချုပ် Tedros က mRNA ကာကွယ်ဆေး မူလထုတ်လုပ်သူများအား ဗဟိုအချက်အချာတစ်ခုအတွက် ၎င်းတို့၏ နည်းပညာ နှင့် ကျွမ်းကျင်မှု ထောက်ပံ့ရန် တောင်းဆိုခဲ့ပြီး ဝင်ငွေနိမ့် နှင့် အလယ်အလတ်ဝင်ငွေအဆင့်ရှိ နိုင်ငံများမှ ထုတ်လုပ်သူများသည် ယင်းနည်းပညာကို ရယူရန် စိတ်ဝင်စားမှု ရှိကြကြောင်း ပြောကြားခဲ့သည်။

“သိပ္ပံပညာမှာ မယုံနိုင်လောက်အောင် ဆန်းသစ်တီထွင်မှုတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ အခု သိပ္ပံပညာကနေ လူအများအပြား အကျိုးအမြတ် ရနိုင်သမျှ များများ ရရှိအောင် လုပ်ဖို့ ကျွန်တော်တို့ ဆန်းသစ်တီထွင်မှုတွေ လိုအပ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
——————————————-
(English Version)
Global weekly COVID-19 infections reach new high: WHO

GENEVA, April 19 (Xinhua) — New COVID-19 infections worldwide have increased for the eighth week running, with a record 5.2 million cases reported last week and an alarming growth rate in young people, the World Health Organization (WHO) said Monday.
Deaths also rose for the fifth straight week, pushing the global death toll to over three million, WHO Director-General Tedros Adhanom Ghebreyesus said at a briefing.
The pandemic has been gathering pace recently, according to WHO’s numbers. “It took nine months to reach one million deaths; four months to reach two million, and three months to reach three million,” the WHO chief said.
Meanwhile, infections and hospitalizations among people aged 25 to 59 are increasing at an alarming rate, he said, possibly as a result of highly transmissible variants and increased social mixing among younger adults.
To cope with the urgent need for COVID-19 vaccines worldwide, the WHO issued an expression of interest on Friday for establishing a COVID-19 technology transfer hub for mRNA vaccines, in hopes of increasing production of those vaccines in low- and middle-income countries.
Tedros called for the original manufacturers of mRNA vaccines to contribute their technology and know-how to a central hub, and for manufacturers in low- and middle-income countries to express interest in receiving that technology.
“We have seen incredible innovation in science; now we need innovation to ensure as many people as possible benefit from that science,” he said.