ဆန်တီရာဂို၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု စံချိန်အသစ်ထပ်မံရောက်ရှိခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်ပွားမှု အရေအတွက် တစ်သန်းကျော်သွားပြီးနောက် လက်ရှိ နိုင်ငံတစ်ဝန်း ကျန်းမာရေးကန့်သတ်ချက်များကို တင်းကြပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Enrique Paris က ဧပြီ ၁ ရက်က ကြေညာခဲ့သည်။
ဆန်ဒီယာဂို ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသမ္မတ Sebastian Pinera က ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထုတ် CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မတ်လ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဆန်တီယာဂို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး သန့်ရှင်းသောရက်သတ္တပတ် (Holy Week) ကာလနှင့် နီးကပ်လာသောကြောင့် မြို့တော်တည်ရှိရာ မြို့ပြဒေသနှင့် အခြားဒေသများတွင် Lockdown ကန့်သတ်မှုကို မတ် ၂၇ ရက်မှစတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ မတ် ၂၅ ရက်တွင်...
ဆန်တီယေဂို၊ မတ် ၂၂ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ မြို့တော် ဆန်တီယေဂိုသို့ မတ် ၂၁ ရက်က Sinovac ကိုဗစ်ကာကွယ်ဆေး ရောက်ရှိခဲ့ကြောင်း သိရသည်။ ချီလီကျန်းမာရေးဝန်ကြီး Paris ၊ ချီလီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Niu Qingbaoတို့က လေဆိပ်သို့ သွားရောက်၍ ပို့ဆောင်လာသည့် ကာကွယ်ဆေးများကို လက်ခံခဲ့သည်။
ဆန်တီရာဂို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် လူထုကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်း စတင်ခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှစ၍ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံပြီးသူ အရေအတွက်မှာ မတ် ၁၆ ရက်၌ ၅ သန်းကျော်ရှိလာသည့် သမိုင်းမှတ်တိုင်ဖြစ်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဆန်တီယေဂို၊မတ် ၉ ရက်(ဆင်ဟွာ) ချီလီနိုင်ငံအစိုးရသည် တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac မှ တီထွင် ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေး ပဉ္စမအသုတ်ကို မတ် ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဆန်တီရာဂို ၊ မတ် ၇ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ၌ ပြည်သူ လေးသန်းကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံထားပေးပြီး ဖြစ်ကာ လူဦးရေ သန်းတစ်ဝက်ကျော်မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ဆန်တီရာဂို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးလုပ်ငန်းမှ ကာကွယ်ဆေး စတုတ္ထမြောက်အသုတ်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ချီလီအစိုးရ ကိုယ်စားလှယ်များက လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဆန်ဒီယာဂို ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးတရုတ်နိုင်ငံ Sinovac ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၂ သန်းခန့် က ပထမအသုတ်အနေဖြင့် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းအချိန်တွင် ချီလီနိုင်ငံမြို့တော် ဆန်ဒီယာဂို သို့ရောက်ရှိခဲ့ပြီး ချီလီနိုင်ငံ...
ဆန်ဒီယေဂို၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် COVID-19ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ချီလီ ပြည်သူ့ ကျန်းမာရေးသုတေသနဌာန (ISP)က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာခဲ့သည်။