Connect with us

CHINA

ချီလီနိုင်ငံက COVID-19 တိုက်ဖျက်ရန် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး ပဉ္စမအသုတ် လက်ခံရရှိ

တရုတ်နိုင်ငံမှ ပေးပို့သော Sinovac ကိုဗစ်ကာကွယ်ဆေး စတုတ္ထသုတ် ချီလီနိုင်ငံ ဆန်တီယေဂိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၂၆ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဆန်တီယေဂို၊မတ် ၉ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံအစိုးရသည် တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac မှ တီထွင် ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေး ပဉ္စမအသုတ်ကို မတ် ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရောက်ရှိလာသည့် ပဉ္စမအသုတ် ကာကွယ်ဆေးများကို ဆန်တီယေဂိုအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ချီလီနိုင်ငံကျန်းမာရေးဝန်ကြီး Enrique Paris နှင့် အခြားအရာရှိကြီးများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။“ ကာကွယ်ဆေးတွေရောက်ရှိလာတဲ့အတွက် ပြည်သူတွေအနေနဲ့အသေအချာဆေးထိုးနှံနိုင်ကြမှာပါ” ဟု နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တိုးတက်ဖြစ်ပေါ်မှုအပေါ် Paris ကမီးမောင်းထိုးပြောကြားခဲ့သည်။

Sinovac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၂၀ ရက်တွင် ချီလီပြည်သူ့ကျန်းမာရေးဌာနက ခွင့်ပြုချက်ပေးခဲ့သည်။တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ခဲ့သော ချီလီနိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံလုံးဆိုင်ရာ ဆေးထိုးနှံမှုအစီအစဉ်အတွက် အခြေခံဖြစ်ကြောင်း ၊ ယခုနှစ် ပထမသုံးလအတွင်း ကူးစက်မှုအန္တရာယ်မြင့်မားသည့်အုပ်စုဝင် လူပေါင်း ၅ သန်းကို ရောဂါခုခံအားစနစ်ရရှိစေရန် ရည်မှန်းထားပြီး နှစ်လယ်ပိုင်းတွင် လူပေါင်း ၁၅ သန်းထိ ကိုယ်ခံအား ရရှိစေရန် ဦးတည်ထားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ချီလီနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးသူ ၄,၁၇၆,၀၉၄ ရှိပြီး ယင်းတို့အနက် ထက်ဝက်ကျော်မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မတ် ၈ ရက်အထိ ချီလီတစ်နိုင်ငံလုံးတွင် COVID-19 ရောဂါကူးစက်ခံထားရသူ ၈၆၀,၅၃၃ ဦးရှိပြီး ရောဂါဖြင့် သေဆုံးသူပေါင်း ၂၁,၁၆၃ ဦးရှိကြောင်း သိရသည်။(Xinhua)

———————————————
(English Version)

Chile receives 5th shipment of Chinese Sinovac vaccine against COVID-19

SANTIAGO, March 8 (Xinhua) — The Chilean government on Monday received a fifth shipment of CoronaVac vaccine from Chinese pharmaceutical firm Sinovac.
Chilean Minister of Health Enrique Paris and other officials were at the airport in Santiago to receive the shipment.

“The population can be sure of the supply and arrival of vaccines,” Paris said, highlighting the progress the country has made in its vaccination process.
The Sinovac vaccine was approved for emergency use on Jan. 20 by the Public Health Institute of Chile.

China-developed vaccines have been the basis of the country’s mass vaccination campaign against COVID-19, which kicked off on Feb. 3, with the goal of immunizing 5 million people in high-risk groups in the first three months of the year, followed by another 15 million people by midyear.

To date, the South American country has vaccinated 4,176,094 people, with more than half a million having received their second doses.
On Monday, the country reported that 860,533 people have tested positive for COVID-19 and 21,163 people have died from the disease. Enditem

Workers transfer containers with the fourth shipment of COVID-19 vaccines developed by Chinese firm Sinovac at the Santiago international airport in Santiago, Chile, Feb. 26, 2021. (Xinhua)