Connect with us

WORLD

COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသောကြောင့် ချီလီနိုင်ငံ မြို့ပြဒေသတွင် Lockdown ချမှတ်ဆောင်ရွက်မည်

ချီလီနိုင်ငံ ဆန်တီယာဂိုမြို့ရှိ စူပါမားကက်တစ်ခု၏ ဝင်ပေါက်တွင် တန်းစီနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး သန့်ရှင်းသောရက်သတ္တပတ် (Holy Week) ကာလနှင့် နီးကပ်လာသောကြောင့် မြို့တော်တည်ရှိရာ မြို့ပြဒေသနှင့် အခြားဒေသများတွင် Lockdown ကန့်သတ်မှုကို မတ် ၂၇ ရက်မှစတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ မတ် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Lockdown ချမှတ်ဆောင်ရွက်ခြင်းသည် ၁၆ သန်းနီးပါးသော ပြည်သူများ၏ သွားလာလှုပ်ရှားမှုနှင့် တွေ့ဆုံပွဲများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး မဖြစ်မနေ အလုပ်လုပ်ရန်လိုအပ်သော လုပ်သားများမှာမူ ခြွင်းချက်ဖြစ်ကြောင်း သိရသည်။

တရားဝင်ကိန်းဂဏန်းများအရ လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၇,၀၂၃ ဦး နှင့် သေဆုံးသူ ၁၂၂ ဦးရှိခဲ့သဖြင့် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉၅၄,၇၆၂ ဦးနှင့် သေဆုံးသူစုစုပေါင်း ၂၂,၅၂၄ ဦး အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဟာ စိုးရိမ်ပူပန်စရာအခြေအနေကို ရင်ဆိုင်နေရပြီး ဒါကိုအစိုးရအနေနဲ့ အလေးထားပါတယ်။ ဒါကြောင့် ချီလီနိုင်ငံသားတွေကိုလည်း အခုအခြေအနေနဲ့ ပတ်သက်ပြီး အလေးထားဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတွေဖြစ်ကြပြီး ကျွန်တော်တို့ အားလုံးက ကပ်ရောဂါကို ကာကွယ်ဖို့အတွက် တာဝန်ရှိကြပါတယ်” ဟု ကျန်းမာရေးဝန်ကြီး Enrique Paris က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ချီလီနိုင်ငံသည် နွေရာသီပိတ်ရက်များ ပြီးဆုံးပြီးနောက် ကျောင်းဖွင့်ရာသီတွင် လူကိုယ်တိုင်တက်ရောက်ရသော အတန်းများ စတင်လျက်ရှိသောကြောင့် ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အသစ်များအား ရင်ဆိုင်နေရကြောင်း သိရသည်။

ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဗြိတိန်တွင် ပထမဆုံးတွေ့ရှိရသည့် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှု ၆၄ ခု နှင့် ဘရာဇီးတွင် ပထမဆုံး တွေ့ရှိခဲ့ရသည့် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှု ၄၅ ခု အားတွေ့ရှိခဲ့ကြောင်း၊ ယင်းကူးစက်မှုများသည် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဥ်များလက်ခံရာ တစ်ခုတည်းသော နေရာဖြစ်သည့် ဆန်တီယာဂိုလေဆိပ်မှ ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ယင်းတွေ့ရှိချက်များကြောင့် အစိုးရအနေဖြင့် မတ် ၃၁ ရက်မှ စတင်၍ ရောက်ရှိလာသော ခရီးသည်များအားလုံး မဖြစ်မနေ ၅ ရက်ကြာ ဟိုတယ် quarantine ဝင်ရောက်ရန်နှင့် ခရီးသည်များမှ မိမိကိုယ်တိုင်အတွက် စရိတ်ကျခံရမည့် COVID-19 စစ်ဆေးသည့် PCR စစ်ဆေးမှုအားလုပ်ဆောင်ရန် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် Jaime Bellolio ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
———————————–
(English Version)
Chile’s Metropolitan Region to enter lockdown due to COVID-19 spike
SANTIAGO, March 25 (Xinhua) — Chile’s Ministry of Health on Thursday announced the Metropolitan Region, where the capital is located, and other areas will enter lockdown on Saturday, March 27, as Holy Week approaches amid a rise in cases of the novel coronavirus disease.
Lockdown restrictions on mobility and gatherings will impact nearly 16 million people, with exceptions made for essential workers.
According to official figures, tests detected 7,023 new cases of COVID-19 in the past 24 hours, while 122 more people died of the disease in the same period, raising the caseload to 954,762 and the death toll to 22,524.
“We are seeing a worrying situation and we are concerned as a government, and that is why we are asking Chile’s inhabitants to also share this concern. We are all part of the country, we all have responsibilities to fulfill regarding the pandemic,” Health Minister Enrique Paris said at a press conference.
Chile is battling new outbreaks of the virus as the austral summer holidays come to an end and the school year begins with planned in-person classes.
In addition, health authorities have detected 64 cases of the variant of the virus first detected in Britain and 45 cases of the strain first found in Brazil, which they believe entered the country via Santiago’s airport, the only one accepting international flights.
These findings motivated the government to declare a mandatory five-day quarantine in a hotel for all arriving passengers as of March 31, as well as a PCR test to check for COVID-19, with the costs covered by the passengers themselves, according to presidential spokesman Jaime Bellolio. Enditem
Photo– People line up to enter a supermarket in Santiago, Chile, March 21, 2020.(Photo by Jorge Villegas/Xinhua)