ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကယားပြည်နယ်တို့၌ COVID-19 ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ဧပြီ ၇ ရက်တွင် စတင်မည့် တားမြစ်မိန့်များကို အသီးသီး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်း မိုင်တိုင် (၆၅/၂-၃)ကြား၌ ဇူလိုင် ၁၁ ရက်တွင် ယာဉ်တိုက်မှုကြောင့် ၃ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် မေ ၃၁ ရက်က ကျပ် ၆၇၁၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် မြေနိမ့်ပိုင်းနှင့် မြို့မရပ်ကွက် ဈေးလမ်းတစ်လျှောက်တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ ဝင်ရောက်နေမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။