Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ကျပ် ၆၇၁၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော ဘိန်းဖြူများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် မေ ၃၁ ရက်က ကျပ် ၆၇၁၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရွှေဘိုမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းတွင် အံဝှက်ပြုလုပ်သိုဝှက် သယ်ဆောင်လာသော ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆.၇၁ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၆၇၁၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မြန်မာငွေ ၂၁ သိန်းတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။အဆိုပါ သိမ်းဆည်းရမိသော ဘိန်းဖြူများနှင့် ယာဉ်မောင်းကို အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117