Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ မြေငလျင် လှုပ်ရှား

မြေငလျင် လှုပ်ရှားသွားမှု အခြေအနေအား ပြသထားစဉ်(ဓာတ်ပုံ-မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။

“နေရာက စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဖောင်းပြင် နဲ့တမူးကြားမှာပါ။ထိခိုက် ပျက်စီးမှု မရှိပါဘူး။အင်အားကလဲ သေးတဲ့ အတွက် ငလျင်ရဲ့ဗဟိုချက်ကလဲ အနက်ပိုင်းထဲ ကီလိုမီတာ ၃၀ ပတ်ဝန်းကျင်ထဲ ပါတာပေါ့လေ။ဘာမှ ထိခိုက် ပျက်စီးမှု မရှိပါဘူး။”ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၁၉၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ ယနေ့ဇူလိုင် ၂ ရက် မြန်မာ စံတော်ချိန် ၁၁ နာရီ ၊ ၅၇)မိနစ် ၊ ၄၄ စက္ကန့် အချိန်တွင် လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့ခြင်း ဖြစ်သည်။(Xinhua)