ဂျေရုဆလမ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဆီးရီးယားနိုင်ငံရှိ ဂိုလန်ကုန်းမြင့် ဇွန် ၃၀ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အစ္စရေး စစ်သား ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရသူများအား ဆေးကုသရန်...
အင်ချွန်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ၁၉၅၀ -၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သား ၁၀၉ ဦး၏ ကြွင်းကျန်ရစ်သော နောက်ထပ် အသုံးအဆောင်ပစ္စည်းများကို ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အယ်လ်ဂျီးစ် ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Tizi Ouzou ပြည်နယ် နှင့် Bejaia ပြည်နယ် တို့တွင် တောမီးအကြီးအကျယ် လောင်ကျွမ်းနေရာ ယင်းတောမီးအား ငြိှမ်းသတ်ရန် ကြိုးပမ်းစဉ် စစ်သား ၂၅ ဦး သေဆုံးခဲ့ရကြောင်း အယ်လ်ဂျီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ရောမ၊ မတ် ၁၃ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် စစ်သားတစ်ဦး ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးမှုဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါစစ်သားထိုးနှံခဲ့သည့် AstraZeneca ကာကွယ်ဆေးပါဝင်သော ဆေးအသုတ်ထဲမှ အသုံးပြုခြင်းအား တားမြစ်လိုက်ကြောင်း သိရသည်။
ဘိုဂိုတာ ၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံအရှေ့မြောက်ပိုင်း Arauca ဒေသ၌ စစ်တပ်ကင်းလှည့်မှုတစ်ခုပြုလုပ်စဉ် ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးစစ်သား ၂ ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုလံဘီယာစစ်တပ်၏ ဇွန် ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ် တွင် မေ ၆ရက်က အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် (BSF) တစ်ဦး သည် ၎င်း၏ ရိုင်ဖယ်သေနတ်ဖြင့် လုပ်ဖော်ကိုင်ဖက်စစ်သား ၃ဦးအား ပစ်သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် အမေရိကန်စစ်သား သုံးဦး အသတ်ခံရပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ ၁၀ ရက်က အတည်ပြုပြောကြားခဲ့သည်။
အယ်လ်ဂျီးယားစ်၊ မေ ၂၂ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်လ်ဂျီးယားစ်မြို့ အနောက်ဘက် တီပါဇာပြည်နယ် တွင် မေ ၂၁ ရက် သန်းခေါင်ယံအချိန်က စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် စစ်သား ၅ဦးစလုံးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းစာက ဖော်ပြခဲ့သည်။
ဖင်လန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့သည် စစ်တန်းလျားကဲ့သို့သော စစ်တပ် ဧရိယာအတွင်း စစ်သားများ Pokemon Go ဂိမ်းကစားခြင်းကို ပိတ်ပင်ထားကြောင်း ကာကွယ်ရေး တပ်ဖွဲ့ သတင်းစာ Ruotuvaki က ဇူလိုင်လ ၂၈ တွင် ဖော်ပြခဲ့သည်။