Connect with us

WORLD

အီတလီနိုင်ငံတွင် စစ်သားတစ်ဦးသေဆုံးပြီးနောက် AstraZeneca ကာကွယ်ဆေး အသုံးပြုခြင်းကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ထား

ဗြိတိန်နိုင်ငံ Luton မြို့ရှိ AstraZeneca အဆောက်အအုံရှေ့ရှိ ဆိုင်းဘုတ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံတွင် စစ်သားတစ်ဦး ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးမှုဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါစစ်သားထိုးနှံခဲ့သည့် AstraZeneca ကာကွယ်ဆေးပါဝင်သော ဆေးအသုတ်ထဲမှ အသုံးပြုခြင်းအား တားမြစ်လိုက်ကြောင်း သိရသည်။

“ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်” အဖြစ် AstraZeneca ကာကွယ်ဆေး အုပ်စုအမှတ်စဥ် (Lot no.) ABV2856 အား အီတလီဆေးဝါးအေဂျင်စီ (AIFA) က မတ် ၁၁ ရက်တွင် တားမြစ်ခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံ ရောမမြို့ရှိ ကာကွယ်ဆေးထိုးနှံမှုစင်တာတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသူ တစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့ရှိ ကာကွယ်ဆေးထိုးနှံမှုစင်တာတွင် COVID-19 ကာကွယ်ဆေးကို တွေ့ရစဉ် (ဆင်ဟွာ) 

အဆိုပါ စစ်သားသေဆုံးမှုအား အစိုးရ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စစ်ဘက်တာဝန်ရှိသူများနှင့်အတူ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း အေဂျင်စီက ဆိုသည်။

အီတလီနိုင်ငံတွင် အသုံးပြုရန် ဇန်နဝါရီ ၂၉ ရက်က ခွင့်ပြုခဲ့သော AstraZeneca ၏ ကာကွယ်ဆေးသည် နိုင်ငံအတွင်း အသုံးပြုနေသည့် ကာကွယ်ဆေး သုံးမျိုးအနက် တစ်ခုဖြစ်သည်။ အခြား ကာကွယ်ဆေးနှစ်မျိုးမှာမူ ဒီဇင်ဘာ ၂၁ ရက်က ခွင့်ပြုခဲ့သော Pfizer-BioNTech ကာကွယ်ဆေးနှင့် ဇန်နဝါရီ ၆ ရက်က ခွင့်ပြုခဲ့သော Moderna ကာကွယ်ဆေးတို့ဖြစ်ကြောင်း၊ ၎င်းကာကွယ်ဆေးသုံးမျိုးလုံးမှာ အပြည့်အဝဆေးစွမ်းထက်ရန် နှစ်ကြိမ်စီထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီတလီနိုင်ငံတွင် ခွင့်ပြုချက်ရရှိရန် နောက်ဆုံးစိစစ်မှုအဆင့်တွင်ရှိသော အခြားကာကွယ်ဆေး အနည်းဆုံး လေးမျိုးရှိကြောင်း၊ ယင်းအနက် အမေရိကန်နိုင်ငံ Johnson & Johnson ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော တစ်ကြိမ်တည်းသာ ထိုးနှံရန်လိုအပ်သည့် ကာကွယ်ဆေးမှာ အီတလီ၌ နောက်ထပ်ခွင့်ပြုမည့် ကာကွယ်ဆေးတစ်မျိုး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ Sputnik V ကာကွယ်ဆေး ထုတ်လုပ်သူများကလည်း အဆိုပါ နိုင်ငံအတွင်း အသုံးပြုခွင့်အာမခံချက် မရရှိထားသော်ငြားလည်း ဇူလိုင်လထက် နောက်မကျစေဘဲ ၎င်းတို့၏ ကာကွယ်ဆေးကို အီတလီနိုင်ငံတွင် ထုတ်လုပ်ရန် သဘောတူညီချက်တစ်ခုကို ယခုသီတင်းပတ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံသည် ဇန်နဝါရီလအတွင်း နိုင်ငံလူဦးရေ၏ အနည်းဆုံး ၁ ရာခိုင်နှုန်းကို အောင်မြင်စွာ ကာကွယ်ဆေးထိုးနှံနိုင်ခဲ့သည့် ပထမဆုံး ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများထဲမှ တစ်ခုဖြစ်ကြောင်း၊ သို့သော် မတ် ၁၂ ရက်အထိ အီတလီနိုင်ငံသား ၁.၈၆ သန်း သို့မဟုတ် နိုင်ငံလူဦးရေ၏ ၃ ရာခိုင်နှုန်းကျော်ကိုသာ ကာကွယ်ဆေး အပြည့်အဝထိုးနှံခဲ့ပြီးဖြစ်ကြောင်း၊ အီတလီ၏ ကာကွယ်ဆေးထိုးနှံမှုနှုန်း စုစုပေါင်းမှာ အီယူ၏ အောက်ဆုံးနားတွင်ရှိကြောင်း Statista ကုမ္ပဏီမှ နောက်ဆုံးရအချက်အလက်အရ သိရသည်။

ကမ္ဘာတစ်ဝန်း အဆိုပြုထားသော ကာကွယ်ဆေး ၂၆၃ ခု အားဖော်ထုတ်နေဆဲဖြစ်ပြီး ယင်းအနက် ၈၁ ခုမှာ ဂျာမနီ၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် အပါအဝင် နိုင်ငံများ၌ လက်တွေ့စမ်းသပ်မှုအဆင့်၌ ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ် ၉ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)

————————————-
(English Version)
Italy partially blocks use of AstraZeneca vaccine after soldier death
Source: Xinhua| 2021-03-12 22:27:24|Editor: huaxia
ROME, March 12 (Xinhua) — Italy has blocked the use of a large lot of AstraZeneca vaccine following the death of an Italian soldier vaccinated from that lot.
Italian Medicines Agency (AIFA) Thursday banned AstraZeneca vaccine lot ABV2856 as a “precautionary measure.
The agency said it is conducting an investigation into the soldier’s death in conjunction with government health experts and military officials.
AstraZeneca’s vaccine, which was approved for use in Italy on Jan. 29, is the most recent one of the three vaccines in use in the country. The other two are the Pfizer-BioNTech vaccine, approved on Dec. 21, and the Moderna vaccine, approved on Jan. 6. All three vaccines require two doses to be fully effective.
At least four other vaccines are in the late stage of approval verification in Italy, with media reports indicating the one-shot vaccine from the United States drug maker Johnson & Johnson is likely to become the next one approved for use in Italy.
This week, the makers of the Russian Sputnik V vaccine announced they signed a deal to produce their vaccine in Italy starting no later than July, though that does not guarantee approval for use in the country.
In January, Italy was one of the first countries in the EU to successfully vaccinate at least 1 percent of its population. But as of early Friday, just 1.86 million Italians had been fully vaccinated, or just over 3 percent of the country’s population. The country’s overall vaccination rate is now near the bottom of the EU, according to the latest information from data firm Statista.
Meanwhile, 263 candidate vaccines are still being developed worldwide — 81 of them in clinical trials — in countries including Germany, China, Russia, Britain, and the United States, according to information released by the World Health Organization on March 9.
1- File photo taken on May 18, 2020 shows a logo in front of AstraZeneca’s building in Luton, Britain.(Photo by Tim Ireland/Xinhua)
2- A man receives the COVID-19 vaccine at a vaccination center in Rome, Italy, Feb. 15, 2021. (Photo by Alberto Lingria/Xinhua)
3- A medical worker displays a COVID-19 vaccine at a vaccination center in Rome, Italy, Feb. 15, 2021. (Photo by Alberto Lingria/Xinhua)■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.