Connect with us

Europe

ဖင်လန်နိုင်ငံတွင် စစ်သားများ စစ်တပ်အတွင်း၌ Pokemon Go ဂိမ်းကစားခြင်း ပိတ်ပင်

နာမည်ကျော် Pokemon Go ဂိမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖင်လန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့သည် စစ်တန်းလျားကဲ့သို့သော စစ်တပ် ဧရိယာအတွင်း စစ်သားများ Pokemon Go ဂိမ်းကစားခြင်းကို ပိတ်ပင်ထားကြောင်း ကာကွယ်ရေး တပ်ဖွဲ့ သတင်းစာ Ruotuvaki က ဇူလိုင်လ ၂၈ တွင် ဖော်ပြခဲ့သည်။

ဒုတိယ ဗိုလ်မှူးကြီး Teemu Hokkanen က တည်နေရာ သတင်း အချက်အလက်များအား ဓါတ်ပုံများဖြင့် ပေါင်းစပ်ထားခြင်းသည့် လုံခြုံရေး အန္တရာယ် ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာကျော် ဂိမ်းတစ်ခု ဖြစ်လာသည့် Pokemon Go သည် မိုဘိုင်းဖုန်းတွင် ပါရှိသည့် တည်နေရာ သတင်း အချက်အလက်များ၊ ဓါတ်ပုံများ နှင့် သံလိုက်အိမ်မြှောင် အသုံးပြုနိုင်မှုများကို ထုတ်ယူ အသုံးပြုကြောင်း သိရသည်။

ကာကွယ်ရေး တပ်ဖွဲ့ သတင်းစာ က Pokemon Go ဂိမ်းနှင့် ပတ်သက်သည့် တားမြစ်ချက် အကြောင်းအရာ များကို လွန်ခဲ့သည့် တစ်ပတ်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Pokemon Go ဂိမ်း အတွက် ထပ်တိုး စည်းမျဉ်းများအား ဖင်လန်နိုင်ငံ အတွင်း ယင်း ဂိမ်းဆော့ကစားမှု များပြားလာမှုအပေါ် မူတည်၍ ထုတ်ပြန်သွားမည် ဖြစ်သည်။

ထို့အပြင် စစ်တပ် အတွင်း ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းများကို တားမြစ်ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117