Connect with us

Africa & Middle East

အာဖဂန်တွင် အမေရိကန်စစ်သား ၃ဦး အသတ်ခံရကြောင်း ပင်တဂွန်ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ တွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်စစ်သားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် အမေရိကန်စစ်သား သုံးဦး အသတ်ခံရပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ ၁၀ ရက်က အတည်ပြုပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် သေဆုံးသူများကိုကြေညာခဲ့သော်လည်း သေဆုံးရသည့်ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ထုတ်ပြန်ချက်၌ “ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲပါ။ နောက်ထပ် သတင်းအချက်အလက်တွေကိုလည်း သင့်လျော်သလိုထုတ်ပြန်ပေးသွားမှာပါ” ဟုပြောကြားခဲ့သည်။

သို့သော် ဒေသခံ သတင်းရင်းမြစ်များအရ အမေရိကန်စစ်သားများ အသတ်ခံရမှုသည် အတွင်းလူ၏ တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး တိုက်ခိုက်မှုတွင် အာဖဂန်စစ်သားတစ်ဦး ပါဝင်နေကြောင်း သိရသည်။ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Ataullah Khogyani က “တိုက်ခိုက်မှုဟာ Achin ခရိုင်မှာဖြစ်ပွားခဲ့တာပါ။ အမေရိကန်စစ်သားတွေကို ပစ်သတ်ခဲ့တဲ့ အာဖဂန်စစ်သားဟာလည်း ပြန်လည်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။” ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

အာဖဂန်အစိုးရစစ်သား (သို့) ရဲတပ်ဖွဲ့ ပါဝင်သော အတွင်းလူတိုက်ခိုက်မှုသည် အာဖဂန်တွင် မဟာမိတ်တပ်ဖွဲ့ဝင်များ အဓိက ကြုံတွေ့နေရသည့် ပြဿနာများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။Helmand ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင်လည်း မတ် ၁၉ ရက် က အာဖဂန်စစ်သားတစ်ဦး၏ ပစ်ခတ်မှု ကြောင့် အမေရိကန်စစ်သား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။တာလီဘန်တို့အား တိုက်ခိုက်နေသည့် အာဖဂန်တပ်ဖွဲ့အား လေ့ကျင့်ပေးရန် နှင့် ထောက်ပံ့ပေးရန် တို့အပြင် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးများတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လက်ရှိတွင် အာဖဂန်နစ္စတန်၌ အမေရိကန်စစ်သား ၈,၄၀၀ နှင့်အခြား နေတိုးတပ်ဖွဲ့ဝင် ၅,၀၀၀ ရှိနေကြောင်း သိရသည်။ (Xinhua)