ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ မ-၂၀(က)ရှိ ဂိုထောင်တစ်လုံးအတွင်းသို့ နိုဝင်ဘာ ၁၇ ရက် ည ၆နာရီကျော်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့၌ ငွေကျပ် သိန်း ၅၇,၇၂ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂,၈၈၆,၀၀၀ ပြားအား သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သြဂုတ် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျပ် ၄၃,၅၈၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၆,၃၀၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ကလောမြို့တွင် ငွေကျပ် သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဘန်ကောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်း တွင် ဇူလိုင် ၁ ရက် က ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ စိတ်ကြွရူးသွပ်ဆေးပြား နှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန် အနီး လှိုင်မြစ်ကမ်းစပ်မှ ကာလ တန်ဖိုးငွေကျပ် ၁၁,၂၅၈ သိန်းရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား နှစ်သိန်း နှစ်သောင်းကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း ရန်ကုန်တိုင်း...
ရန်ကုန်၊နိုဝင်ဘာ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အတွင်း တရား မဝင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ . ၆ သိန်း သယ်ဆောင်ရန် ကြိုးစားသူ ဝေယံထွန်းအား ဆိုင်ကယ်တစ်စီး ဖြင့် ထွက်ပြေးနေစဉ် ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ တွင် ဖမ်းဆီး ရမိခဲ့ကာ စစ်ဆေးဆောင် ရွက်မှုများ...
ရန်ကုန်၊သြဂုတ် ၈ ရက် (ဆင်ဟွာ) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေး စခန်းတွင် ကျပ်သိန်းပေါင်း (၁၁,၂၀၀) ခန့် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ် ရဲစခန်းမှ ရဲအုပ်အောင်မင်းဦး က ဆင်ဟွာကို ယနေ့ အတည်ပြု ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက်( ဆင်ဟွာ) ဇေကမ္ဘာဝင်း အတွင်း၊ အိုးအိမ် ၆ လမ်းသွားလမ်းပေါ်၌ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၆.၇ သန်း ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၃.၅ ဘီလီယံ သိမ်းဆည်းရမိခဲ့မှု ကွင်းဆက်အား ဆက်လက် စုံစမ်းရာ KALADAN DELTA...