နယူးဒေလီ၊ မေ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်ရှိ ထိန်းသိမ်းကာကွယ်ထားသော Kondali သစ်တောကြိုးဝိုင်းအတွင်း မိုးကြိုးပစ်ခံရသည်ဟု ယူဆရသော ဆင် ၁၈ ကောင်ထက်မနည်း သေဆုံးနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် ဆင်ကောင်ရေ ၃၀,၀၀၀ နီးပါးရှိကြောင်း၊ ယင်းမှာ အာရှတောရိုင်းဆင် အရေအတွက်၏ ၆၀...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာ့ဆင်များနေ့ဖြစ်သော သြဂုတ် ၁၂ ရက်သည် COVID-19 ရောဂါကာလဖြစ်နသည့် အတွက် ဆင်စခန်းများ ပိတ်ထားရသော်လည်း အထူးအစီအစဉ်နေဖြင့် ဆင်များအား ဘူဖေးကျွေး၍ အထိန်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကိပ်တောင်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ယခုကာလများတွင် ဘောစ့်ဝမ်နာနိုင်ငံ၌ ဆင်ကောင်ရေ ရာနှင့်ချီ ထူးဆန်းစွာ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းမှာ ၎င်းတို့အား လူက အစာအဆိပ်ပစ်ခြင်း၊ ဥပဒေမဲ့ အမဲလိုက်ခြင်း၊ အစာငတ်မွတ်ခြင်း၊ထောင့်သန်းရောဂါ(Anthrax)ကူးစက်ခံရခြင်း စသည့် အကြောင်းအရာများ ဖြစ်နိုင်ခြေ အခြေခံအားဖြင့် မရှိကြောင်း ပြီးခဲ့သည့်ရက်များတွင် နိုင်ငံတကာ ပညာရှင်ဖွဲ့တစ်ဖွဲ့က အာဖရိကတောရိုင်းတိရစ္ဆာန်သုတေသန...
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) အိမ်မွေးဆင်များ အား ၂၀၂၀ ပြည့်နှစ် မတ်လမှ မေလ အတွင်း Microchip တပ်ဆင်ခြင်း အား အပြီး ဆောင်ရွက်လျက်ရှိရာ ဆင်ကောင်ရေ ၁,၀၀၀ ကျော် ကို Microchip တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက် ကျေးရွာ အောက်ရွှေမှော်၌မုန်ယိုနေသည့်ဆင် အန္တရာယ်ပြုမှုကြောင့် လူ ၃ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကိုလံဘို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသည့် လူနှင့်ဆင်များအကြား ပဋိပက္ခကြောင့် ယခုနှစ် ဒီဇင်ဘာလလယ်အထိ ဆင်ကောင်ရေ ၃၀၀ နှင့် လူဦးရေ ၁၀၀ သေဆုံးခဲ့ကြောင်း သီရိလင်္ကာ တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ဖနွမ်းပင် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် လာမည့် ၂၀၂၀ပြည့်နှစ်မှ စတင်ကာ နိုင်ငံအနောက်မြောက်ပိုင်း စီယံရိဒ်ပြည်နယ်(Siem Reap)ရှိ အန်းကောဝပ် ရှေးဟောင်း ဘုရားကျောင်း နယ်မြေတွင် ဆင်စီးနင်းခွင့် ပြုတော့မည်မဟုတ်ကြောင်း ဘုရားကျောင်းစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Long Kosal က နိုဝင်ဘာ ၁၄...
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ပင်လောင်းမြို့နယ်တွင် စက်တင်ဘာ ၁ရက် နံနက် ၈နာရီအချိန်တွင် ဆင်နင်းခံရ၍ ဆင်ထိန်းတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ကူမင်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ခရီးသွားဧည့်သည်များ စည်ကားရာ လမ်းမထက်သို့ အာရှဆင်ရိုင်း တစ်ကောင် ရောက်ရှိလာပြီး ရပ်ထားသည့် မော်တော်ကားများစွာကို ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောကို မြန်မာနိုင်ငံ ပဲခူးရိုးမ၌ တည်ထောင်သွားရန် စတင် လေ့လာ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ယနေ့ဆင်ဟွာသို့ပြောကြားသည်။