Connect with us

Social

အိမ်မွေးဆင်များ အား  ၂၀၂၀ ပြည့်နှစ်   မတ်လမှ   မေလ အတွင်း   Microchip  တပ်ဆင်ခြင်း အား   အပြီး ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့နယ် ၊ ဝင်္ဂဘော်ကျေးရွာရှိ ဝင်္ဂဘော်ဆင်စခန်းတွင် ကမ္ဘာ့ဆင်များနေ့အခမ်းအနားကျင်းပနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

အိမ်မွေးဆင်များ အား  ၂၀၂၀ ပြည့်နှစ်   မတ်လမှ   မေလ အတွင်း   Microchip  တပ်ဆင်ခြင်း အား   အပြီး ဆောင်ရွက်လျက်ရှိရာ  ဆင်ကောင်ရေ  ၁,၀၀၀  ကျော် ကို  Microchip    တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း  မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ မေ၁၃ ရက်တွင် ပြောကြားသည်။

သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်းက “မြန်မာ့သစ်လုပ်ငန်းက Microchip တပ်ဆင်ခြင်းကို ဦးဆောင်ပြီးလုပ်နေတယ်။ ကျွန်တော်တို့ သစ်တောဦးစီးဌာနကတော့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ဆောင်ရွက်ပေးနေပါတယ်” ဟု  ဆိုသည်။

မြန်မာနိုင်ငံတွင်     အိမ်မွေးဆင် ကောင်ရေ ၄,၃၀၀ ကျော်ရှိပြီး အိမ်မွေး ဆင်များမှတ်ပုံတင်ခြင်းကို    ခေတ် ကာလနှင့်အညီ  ပြုပြင်ပြောင်းလဲရန် လိုအပ်မှုအရ    မြန်မာ့သစ်လုပ်ငန်း ပိုင်ဆင်များ၊  သစ်တောဦးစီးဌာနပိုင် ဆင်များ၊   ပုဂ္ဂလိကပိုင်ဆင်များအား  မှတ်ပုံတင်  ဂရန်ပြုလုပ်ရာတွင်  ပို၍ စနစ်ကျစေရန် ဆင်ဂရန်နှင့်     ဆင်များ    လွဲမှား၊    ပြောင်းလဲခြင်းမပြုလုပ်နိုင် စေရန်အတွက် သစ်တောဦးစီးဌာနမှ ဦးဆောင်ရေးဆွဲထားသည့် Myanmar  Elephant  Conservation  Action Plan (MECAP) ကို  အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာနိုင်ဇော်ထွန်းက “အိမ်မွေးဆင်က မွေးခွင့်ပြုထားပါတယ်။  အရင်က မြန်မာ့သစ်လုပ်ငန်း အတွက် တောဆင်တွေ ဖမ်းတဲ့အခါ မှာ ပုဂ္ဂလိက ဆင်ဖမ်းသမားတွေ နဲ့ ဖမ်းရတယ်။ ဖမ်းပြီးရင် သစ်လုပ်ငန်း က ဘယ်လောက်ယူ၊ ပုဂ္ဂိလက က ဘယ်လောက်ယူဆိုပြီး ရှိတယ်။ အခုနောက်ပိုင်းကတော့ တောထဲက ဆင်တွေ ကို ဖမ်းတာ ခွင့်မပြုတော့ဘူး။  ပုဂ္ဂလိက ဖက်က သူတို့ ရတဲ့ ဆင်ကို မွေးတယ်။ မှတ်ပုံတင်တာ က သစ်တောဦးစီးဌာနမှာဆောင်ရွက်ရတာပါ။ တောထဲက ဆင်တွေ ကိုဖမ်းခွင့်မပြုတော့တာ ၁၀ နှစ်လောက်ရှိပြီ ” ဟု အိမ်မွေးဆင်များနှင့်ပတ်သက်၍ ရှင်းပြခဲ့သည်။ 

တိရစ္ဆာန်များမွေးမြူသည့်အခါ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသည့် ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ အတိုင်း မွေးခွင့်ပြုသည့် တိရစ္ဆာန်နှင့် မွေးခွင့်မပြုသည့် တိရစ္ဆာန် များ ဟူ၍ ရှိကြောင်း၊ ဥပဒေနှင့် အညီမွေးခွင့်ရှိကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117