နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယအမျိုးသားကာကွယ်ရေးတက္ကသိုလ် (NDA) သို့ အမျိုးသမီးများဝင်ရောက်ခွင့်အား နောက်နှစ်မေလအထိရွှေ့ဆိုင်းရန် ဖက်ဒရယ်အစိုးရ၏ တောင်းဆိုချက်ကို အိန္ဒိယထိပ်တန်းတရားရုံးက စက်တင်ဘာ ၂၂ ရက်တွင်ပယ်ချခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) စက်တင်ဘာ ၉ ရက်တွင် အွန်လိုင်းပုံစံဖြင့်ကျင်းပမည့် ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (Narendra Modi) က သဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံအစိုးရက စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့...
နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယတစ်နိုင်ငံလုံး၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၄၂,၀၁၅ ဦး တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၁ ရက်အထိ COVID-19 ကူးစက်ခံရသူစုစုပေါင်း ၃၁,၂၁၆,၃၃၇ ဦး အထိမြင့်တက်လာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များတွင်ဖော်ပြထားသည်။
နယူးဒေလီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါ၏ ဒုတိယလှိုင်းဖြစ်ပွားမှုသည် မပြီးဆုံးသေးကြောင်းနှင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု အများစုကျဆင်းသွားသော်လည်း အတိမ်းအစောင်းမခံသည့်အဆင့်တွင်ရှိနေကြောင်း ၊ လုပ်ထုံးလုပ်နည်းစည်းကမ်းချက်များအား တိတိကျကျလိုက်နာရန် လက်ရှိတွင် အလိုအပ်ဆုံးဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အစိုးရ က ဇူလိုင် ၉ ရက်တွင်ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Lav...
နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အာသံပြည်နယ် အရှေ့မြောက်ဘက်ရှိ နှင့် Kaziranga အမျိုးသားဥယျာဉ်နှင့် ကျားဘေးမဲ့တော၌ ကျည်ဆံဒဏ်ရာများဖြင့် သေဆုံးနေသောကျားတစ်ကောင်အား ဇွန် ၁၈ ရက်တွင် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားသည်။ အဆိုပါကျားသည် ဘေးမဲ့တောအတွင်း၌ သစ်တောအစောင့်များ၏ မတော်တဆ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သစ်တောအရာရှိများကပြောကြားသည်။ “ကျားအသေကို...
နယူးဒေလီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၉၁,၇၀၂ ဦးရှိပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ဇွန် ၁၁ ရက်တွင် ၂၉,၂၇၄,၈၂၃ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
နယူးဒေလီ၊ ဇွန် ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဖက်ဒရယ်အစိုးရသည် COVID-19 ကပ်ရောဂါဆက်လက်ဖြစ်ပွားနေသည့် မသေချာမရေရာသော ကာလအတွင်း ၁၂ တန်း ဘုတ်အဖွဲ့ စာမေးပွဲကို ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း ဇွန် ၁ ရက် တွင် ပြေကြားခဲ့သည်။
နယူးဒေလီ၊ မေ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်၌ ထုံးကျောက် ကျောက်မိုင်းတစ်ခုအတွင်း မေ ၈ ရက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အလုပ်သမား ၁၀ ဦးသေဆုံးနိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။
နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမှ အသွားအပြန် စီးပွားဖြစ်နိုင်ငံတကာလေယာဉ်ခရီးစဉ်များအား မေ ၃၁ ရက်အထိ ဆက်လက်ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီ ၃၀ ရက်တွင်ပြောသည်။
နယူးဒေလီ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော Air India လေကြောင်းလိုင်းသည် ဗြိတိန်နိုင်ငံမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့်ကန့်သတ်ချက်များကြောင့် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း အိန္ဒိယနှင့် ဗြိတိန်နှစ်နိုင်ငံအကြား ပျံသန်းရန်စီစဉ်ထားသော လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်သည်ဟုကြေညာခဲ့ကြောင်း တာဝန်ရှိသူ က ဧပြီ ၂၂...