Connect with us

Asia

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ် ကျောက်မိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁၀ ဦးခန့်သေဆုံးနိုင်

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ် Godda ခရိုင်၌ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော မိုင်းတွင်းပြိုကျရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်၌ ထုံးကျောက် ကျောက်မိုင်းတစ်ခုအတွင်း မေ ၈ ရက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အလုပ်သမား ၁၀ ဦးသေဆုံးနိုင်ကြောင်း တာဝန်ရှိသူများကပြောသည်။

ယင်းပေါက်ကွဲမှုသည် အန်ဒရာပရာဒက်ရှ်ပြည်နယ်၏ အဓိကမြို့ဖြစ်သော Amaravati မြို့ ၏ အနောက်တောင်ဘက် ၂၉၁ ကီလိုမီတာအကွာရှိ Kadapa ခရိုင် Mamillapalle ကျေးရွာတွင်ဖြစ်ပွားခဲ့သည်။

“ဒီမနက်ပိုင်းမှာ ထုံးကျောက် ကျောက်မိုင်းတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်မိုင်းခွဲရာမှာ အသုံးပြုတဲ့ ဖောက်ခွဲရေးပစ္စည်း မတော်တဆပေါက်ကွဲခဲ့တာပါ။ လူတချို့ သေဆုံးခဲ့ပြီး သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တောင်ကုန်းနေရာတစ်ဝိုက်မှာ ပြန့်ကျဲနေပါတယ်” ဟု တာဝန်ရှိသူကပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ၁၀ ဦး ပျောက်ဆုံးလျက်ရှိပြီး ရုပ်အလောင်း ၅ လောင်းအား ရှာဖွေတွေ့ရှိထားကြောင်းဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အာဏာပိုင်များမှ ရဲတပ်ဖွဲ့ဝင်များအား အမြန်စေလွှတ်ပေးခဲ့သည်။

“ရှာဖွေရေးလုပ်ငန်းတွေ ဆက်ပြီးဆောင်ရွက်နေတုန်းပါ” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။
ထိခိုက်ခံရသူများမှာ ကျောက်မိုင်းအတွင်း အလုပ်လုပ်နေသော အလုပ်သမားများဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အလုပ်သမားများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများက ပျောက်ဆုံးနေသူများကိုရှာဖွေရန် ကျောက်မိုင်းသို့ အပူတပြင်းရောက်ရှိလာကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
————————————
(English Version)
10 feared killed in blast inside quarry in India’s Andhra Pradesh
NEW DELHI, May 8 (Xinhua) — At least 10 workers were feared killed Saturday in a blast inside a limestone quarry in the southern Indian state of Andhra Pradesh, officials said.
The blast took place in Mamillapalle village in Kadapa district, about 291 km southwest of Amaravati, the main city of Andhra Pradesh.
“This morning a blast took place in a limestone quarry here after a detonator went off accidentally. Some people have got killed and their body parts are strewn in the hilly area,” an official said. “Ten people are said to be missing after the blast and five bodies have been identified.”
Following the blast, authorities rushed police teams to the spot to carry out rescue work.
“The search is still going on,” the official said.
The victims are said to be workers working in the quarry.
Reports said immediately after the blast family members and relatives of the workers rushed to the quarry to search for their missing ones. Enditem
Photo-Rescue operations is underway at the site of a mine collapse accident in Godda district, eastern Indian state of Jharkhand, Dec. 30, 2016. (Xinhua)