Connect with us

WORLD

အိန္ဒိယမှ အသွားအပြန် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို မေ ၃၁ ရက်အထိ ဆိုင်းငံ့ထားဆဲဖြစ်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ COVID-19 ဖြစ်ပွားမှုကြောင့် တစ်နိုင်ငံလုံး တတိယအဆင့် lockdown ချမှတ်ဆောင်ရွက်ထားစဉ် Indira Gandhi အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရပ်နားထားသည့် လေယာဉ်များအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမှ အသွားအပြန် စီးပွားဖြစ်နိုင်ငံတကာလေယာဉ်ခရီးစဉ်များအား မေ ၃၁ ရက်အထိ ဆက်လက်ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီ ၃၀ ရက်တွင်ပြောသည်။

အိန္ဒိယမြို့ပြလေကြောင်းဆိုင်ရာ စောင့်ကြည့်လေ့လာသော မြို့ပြလေကြောင်း ညွှန်ကြား‌ရေးမှူးချုပ်ရုံး (DGCA) မှ ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်သောစာအရ ကန့်သတ်ချက်များသည် အပြည်ပြည်ဆိုင်ရာ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် DGCA မှ ခွင့်ပြုထားသော လေယာဉ်ခရီးစဉ်များအတွက် အကျုံးမဝင်ကြောင်း သိရသည်။

“အိန္ဒိယမှ အသွားအပြန် စီစဥ်ထားသော စီးပွားဖြစ် နိုင်ငံတကာခရီးသည် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာ (COVID-19 နှင့် ပတ်သက်၍ ခရီးသွားလာမှုနှင့် ဗီဇာကန့်သတ်ချက်များ) အပေါ် ထုတ်ပြန်ခဲ့တဲ့စာကို သက်ဆိုင်ရာအာဏာပိုင်က ၂၀၂၁ ခုနှစ် မေ ၃၁ ရက် ၂၃း၅၉ နာရီ (ဒေသစံတော်ချိန်) အထိ ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့စာကို တစ်စိတ်တစ်ပိုင်း ပြုပြင်မွမ်းမံခဲ့တာ ဖြစ်ပါတယ်။ သို့သော် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ်တွေကို အခြေအနေတစ်ခုချင်းပေါ်မူတည်ပြီး အာဏာပိုင်များက စိစစ်ခွင့်ပြုသွားမှာဖြစ်ပါတယ်” ဟု DGCA က ထုတ်ပြန်ချက်သော အမိန့်အရ သိရသည်။

COVID-19 ဆက်လက်ပျံ့နှံ့မှုအား ထိန်းချုပ်ရန် ပြီးခဲ့သည့်နှစ် မတ်လနှောင်းပိုင်းမှစ၍ တစ်နိုင်ငံလုံး ဘက်စုံ lockdown ချမှတ်ဆောင်ရွက်စဉ် စီးပွားဖြစ် လေကြောင်းလိုင်းများအား ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်တွင်းလေကြောင်းလိုင်းများအား ၂ လနီးပါး ရပ်ဆိုင်းခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် မေ ၂၅ ရက်မှစ၍ ပြန်လည်ပြေးဆွဲပေးခဲ့သည်။

အိန္ဒိယအာဏာပိုင်များသည် အပြည်ပြည်ဆိုင်ရာ အထူးလေကြောင်းခရီးစဉ်များအား ၂၀၂၀ ပြည့်နှစ် မေလ မှစ၍ ပျံသန်းပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စ၍ ရွေးချယ်ထားသော နိုင်ငံများနှင့် နှစ်နိုင်ငံသဘောတူစာချုပ်များအရလည်း ပျံသန်းပေးလျက်ရှိသည်။ (Xinhua)
————————————
(English Version)
Int’l flights to and from India to remain suspended till May 31
NEW DELHI, April 30 (Xinhua) — Commercial international flights to and from India shall remain suspended until May 31, officials said Friday.
According to a circular issued by the country’s civil aviation watchdog Directorate General of Civil Aviation (DGCA) on Friday, the restriction shall not be applicable for international all-cargo operations and flights specifically approved by DGCA.
“In partial modification of circular dated 26-06-2020, the competent authority has further extended the validity of circular issued on the subject cited above (Travel and Visa restrictions related to COVID-19) regarding Scheduled International commercial passenger services to/from India till 23:59 hrs (local time) of 31 May 2021,” the order issued by DGCA said. “However, international scheduled flights may be allowed on selected routes by the competent authority on case to case basis.”
Commercial flights were suspended when the country imposed a complete nationwide lockdown late in March last year to contain the spread of the ongoing COVID-19 outbreak.
Domestic flights resumed operations in India on May 25 last year after nearly two months of suspension.
Indian authorities have been operating special international flights since May last year and under bilateral “air bubble” arrangements with select countries since July last year. Enditem

Photo- Aircraft are parked at the Indira Gandhi International Airport during a nationwide third phase of lockdown implemented due to the COVID-19 outbreak in New Delhi, India, May 6, 2020. (Photo by Partha Sarkar/Xinhua)