ခရစ်ချာ့ချ်၊ မတ် ၁၅ ရက်(ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့ တွင် မတ် ၁၅ ရက် နေ့လည်ပိုင်းက ဗလီ ၂ခု အပါအဝင် နေရာ ၆ခု၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ဦးသေဆုံးကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်တင်မှုအတွက် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် နယ်ခြားမှတ်တိုင် (၄၁) ရဲကင်းစခန်းအား ယနေ့နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် လာရောက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ၍ သံတမန်စာပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
နယူးယောက်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဇန်နဝါရီ ၁၁ ရက် ညပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသမီဒီယာက ဆိုသည်။
ပင်ဆူဗေးနီးယား ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားမှ အမျိုးသားတစ်ဦးသည် Pittsburgh မြို့တွင် အောက်တိုဘာ ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးခဲ့ရပြီး အခြား ၆ ဦး ထိခိုက်ဒဏ်ရာရ သွားကြောင်းသိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Jacksonville မြို့ရှိ ဂိမ်းအရက်ဘားတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူသုံးဦးသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။
လန်ဒန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ Moss Side ဧရိယာတွင် သြဂုတ် ၁၂ ရက် အစောပိုင်းက ပြုလုပ်သော လမ်းမပေါ်ကျင်းပသည့် ပါတီပွဲတစ်ခု တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် ကလေးငယ် ၂ဦး အပါအဝင် ဒဏ်ရာရရှိသူ ၁၀ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း...
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ချာကွယ်ခရိုင်ရှိ နိုင်ငံရေးစုဝေးပွဲတစ်ခုတွင် ဇူလိုင် ၂၃ ရက် ညနေပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အော့တ်တာဝါ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ တိုရန်တိုမြို့ ရှိ လူရှုပ်ထွေးသော ရပ်ကွက်တစ်ခုတွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CTV ကဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ကမ်းရိုးတန် ဆန်ဖရန်စစ္စကိုမြို့တွင် ဧပြီ ၂၀ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားလူ ၅ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ထရီပိုလီ ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် ၊ မတ်လအတွင်း လစ်ဗျားနိုင်ငံ၌ ပဋိပက္ခတိုက်ပွဲများကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် (UNSMIL) က ဧပြီ ၁ ရက်တွင်ပြောကြားခဲ့သည်။