Connect with us

North America

ဆန်ဖရန်စစ္စကိုမြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ဦးသေ၊ ၅ဦး ဒဏ်ရာရရှိ

ဆန်ဖရန်စစ္စကိုမြို့မှ ရဲကားတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ကမ်းရိုးတန် ဆန်ဖရန်စစ္စကိုမြို့တွင် ဧပြီ ၂၀ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားလူ ၅ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

သေဆုံးသူ အမျိုးသားသည် အသက်၂၀နှစ်အရွယ် ဆန်ဖရန်စစ္စကိုမြို့နေတစ်ဦး ဖြစ်ပြီး Bayview အသိုက်အဝန်းတွင် ဧပြီ ၂၀ ရက် ညပိုင်းတွင် သေနတ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက် ကို ကိုးကား၍ ပြည်တွင်းသတင်းတစ်ခု ကဖော်ပြခဲ့သည်။

ပစ်ခတ်မှုအတွင်း အသက်အန္တရာယ်စိုးရိမ်ရသော အမျိုးသားတစ်ဦးအပါအဝင် ဒဏ်ရာရရှိခဲ့သူ အမျိုးသား ၅ဦးစလုံး မှာ အသက် ၂၄နှစ်အရွယ်များဖြစ်ကြကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

ရဲတပ်ဖွဲ့က အသက် ၂၀ကျော်အရွယ် အမျိုးသား ၆ဦးစလုံးသည် သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် တစ်ဦး နှင့် တစ်ဦး ကပ်လျက် မတ်တပ်ရပ်နေကြခြင်းဖြစ်ကြောင်း နှင့် ယင်းဖြစ်စဉ် အား လူသတ်မှုအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေကြောင်းပြောကြားခဲ့သည်။

တရားခံ၏ သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.