Connect with us

Asia

ပါကစ္စတန်တွင် နိုင်ငံရေးစုဝေးမှုတစ်ခု၌ ပစ်ခတ်မှုကြောင့် လူ ၆ဦးသေ၊ ၁၀ဦး ဒဏ်ရာရရှိ

ပါကစ္စတန်တွင် ယခင်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးစုဝေးပွဲတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ချာကွယ်ခရိုင်ရှိ နိုင်ငံရေးစုဝေးပွဲတစ်ခုတွင် ဇူလိုင် ၂၃ ရက် ညနေပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ချာကွယ်ခရိုင် တာလာဂန်းဒေသ တိုရိုတ်ဧရိယာ ရှိ နိုင်ငံရေးစုဝေးပွဲတစ်ခုသို့ တက်ရောက်လာသူများကို အမျိုးသားတစ်ဦးကို အော်တိုမက်တစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးအဖွဲ့ များ သည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး ရုပ်အလောင်းများကို ဖယ်ရှားကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေနတ်သမားသည် လူအုပ်ထဲသို့ ဝှေ့ယမ်းပစ်ခတ်ပြီးနောက် ယင်းသေနတ်ဖြင့်ပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သေနတ်သမားသည် စိတ်မနှံ့သူတစ်ဦးဖြစ်ပြီး ၎င်း မထောက်ခံသော ပါတီ၏ နိုင်ငံရေးစုဝေးပွဲကို မလိုလား၍ ယင်းသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)