ကံမ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ခြောက်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စုပေါင်းဘုံကထိန် စီတန်းလှည့်လည်ကာ ကထိန်ခင်းကြတဲ့ မြင်ကွင်းများဖြစ်ပါသည်။ (Xinhua)
အောင်လံ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးအောင်လံ ခရိုင် အောင်လံမြို့ မဟာသင်္ကြန် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း ၊ ယိမ်းအကများဖြင့်ဖျော်ဖြေခြင်းတို့အပြင် စတုဒိသာများဖြင့် ဧည့်ခံအလှူဒါနပြုခဲ့ကြောင်း သိရသည်။ (Xinhua)
ကံမ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ဇွေးမိကျေးရွာရှိ လယ်ယာစိုက်ခင်းများတွင် ထွန်ယက်၊ စိုက်ပျိုးနေကြသူများကို ဖော်ပြပါရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ၊ ရေစကြို – ပခုက္ကူကားလမ်းပေါ်၌ သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီကျော်၌ ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ လူ ၅ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။...
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အနက်(၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုလဲ-ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်(၇၆/၃-၄)ကြား၌ နိုဝင်ဘာ ၃ရက် နေ့လည်ပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် လူ၂ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဧပြီလ ၁၇ ရက် ညနေ (၅)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ဆောင်အချို့ အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ၊ အနက် (၅၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။