Connect with us

Myanmar

မကွေးတိုင်းဒေသကြီး ရေစကြို-ပခုက္ကူကားလမ်းပေါ်၌ ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး လူ ၅ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့အဝင်အားတွေ့ စဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ၊ ရေစကြို – ပခုက္ကူကားလမ်းပေါ်၌ သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီကျော်၌ ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ လူ ၅ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်ခံရသော ယာဉ်သည် ရေစကြိုမြို့အထွက်တွင် ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ အင်ဂျင်နီယာ တစ်ဦးအပါအဝင် လူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း သေဆုံးမှုတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦး ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

” ဒီနေ့ အရပ်ကားတစ်စီး မိုင်းဆွဲခံရလို့ သွားကူတာ သွားကူတဲ့ ရဲကားကို ထပ်ပစ်တယ်၊ ကျောင်းနားပစ်ခတ်မှု ဖြစ်တယ် လူတော့ မသေဘူး” ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲတစ်ဦးက ပြောသည်။

ယင်းပစ်ခတ်ခံရသူများအား ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်းသိရသည်။ (Xinhua)