Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ၂ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရရှိ

တိမ်းမှောက်မှုဖြစ်ပေါ်နေသော ယာဉ်အားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်  ပုလဲ-ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်(၇၆/၃-၄)ကြား၌ နိုဝင်ဘာ ၃ရက် နေ့လည်ပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် လူ၂ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လူ၁၇ ဦး လိုက်ပါလာသော လီဖန်း ခြောက် ဘီးယာဉ်သည် တောင်သာမြို့မှ ဟားခါးမြို့နယ် ဘုံဇုံးကျေးရွာသို့ လမ်းခင်းကျောက်လုပ်ငန်း လုပ်ကိုင်ရန် ထွက်ခွာလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၅ ဦးတွင် ၂ ဦးသည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး စိုးရိမ်ရအခြေအနေတွင်ရှိကြောင်း သိရသည်။

ယင်း ဒဏ်ရာရရှိသူများကို ဂန့်ဂေါပြည်သူ့  ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်း ဦးမင်းမင်းဇော် (ဖမ်းမိ)အား ဂန့်ဂေါမြို့မရဲစခန်းယာဉ်(ပ)၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့်လူသေမှု/ပြင်းထန်နာကျင်စေမှု/ သာမန် နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117